တအာင်းပြည် ပညာရေးကောင်စီ (Ta’ang Land Education Council)- TLEC မှ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွင်း ကျောင်းပေါင်း (၅၁၁) ကျောင်းဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့
တအာင်းပြည်၊ ဖေဖော်ဝါရီ ၇ရက်
တအာင်းပြည်သတင်း
ပညာသင်ကြားခွင့်သည် လူသားအခြေခံအခွင့်အရေးတစ်ရပ်ဖြစ်သည့်အလျောက် တအာင်းပြည် ပညာရေးကောင်စီ (Ta’ang Land Education Council – TLEC) မှ ၂၀၂၅–၂၀၂၆ ပညာသင်နှစ် တစ်နှစ်တာကာလအတွင်း တအာင်းပြည်အနှံ ကျောင်းပေါင်း (၅၁၁) ကျောင်းကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါသည်။
.jpg)
အဆိုပါကာလအတွင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ မူဆယ် (၁၀၅) မိုင်၊ ကွတ်ခိုင်၊ မိုင်းယော်၊ သီပေါနှင့် ကျောက်မဲမြိုနယ်များတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းပေါင်း (၅၁၁) ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဆရာ၊ ဆရာမ (၂,၈၇၅) ဦးဖြင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၃,၆၅၃) ဦးကို ပညာသင်ကြားပေးနိုင်ခဲ့ပါသည်။
သိုသော်လည်း လက်ရှိနိုင်ငံရေးနှင့် စစ်ရေးအခြေအနေများကြောင့် သီပေါ၊ ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြိုများတွင် စစ်ကောင်စီ၏ ပြန်လည်ထိန်းချုပ်မှုများ ဖြစ်ပေါ်လာသဖြင့် ကျောင်းပေါင်း (၁၇၄) ကျောင်းကို မဖြစ်မနေ ပိတ်ထားရသည့် အခြေအနေများလည်း ကြုံတွေ့ခဲ့ရပါသည်။
အဆိုပါပညာသင်နှစ်အတွင်း ဆရာ၊ ဆရာမ အင်အား ပြောင်းလဲမှုများလည်း ဖြစ်ပေါ်ခဲ့ပြီး ဆရာ၊ ဆရာမ (၁,၀၉၈) ဦး နှုတ်ထွက်ခဲ့ရသကဲ့သို လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးအကြောင်းအမျိုးမျိုးကြောင့် ကျောင်းသား၊ ကျောင်းသူ (၁၆,၈၉၁) ဦးမှာ ကျောင်းမှ ဆက်လက်တက်ရောက်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄–၂၀၂၅ ပညာသင်နှစ်တွင်လည်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိး၊ မိုးမိတ်နှင့် မိုးကုတ်မြိုနယ်များအတွင်း ကျောင်းပေါင်း (၆၀၃) ကျောင်း ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပြီး ဆရာ၊ ဆရာမ (၃,၄၀၄) ဦးဖြင့် ကျောင်းသား၊ ကျောင်းသူ (၆၉,၀၆၄) ဦးကို ပညာသင်ကြားပေးနိုင်ခဲ့သည်။
ထိုအပြင် TLEC အနေဖြင့် အနာဂတ်ပညာရှင်များ မွေးထုတ်နိုင်ရေးအတွက် Ta’ang Education Association (TEA) တက္ကသိုလ်ကို တည်ဆောက်နိုင်ခဲ့ပြီး TEA သင်တန်းများကို အပတ်စဉ် (၃) ကျောင်းအထိ ဖွင့်လှစ်သင်ကြားနိုင်ခဲ့သည်။ ထိုနောက် ဒီပလိုမာအဆင့် သင်တန်းကျောင်းများကိုလည်း အပတ်စဉ် (၂) ကျောင်းအထိ ဖွင့်လှစ်သင်ကြားနိုင်ခဲ့သည်။
ပညာရေးလက်လှမ်းမီမှုကို ပိုမိုတိုးတက်စေရန်အတွက် TLEC မှ Ta’ang Land University (TLU) ကို World Online University (WOU) နှင့် ချိတ်ဆက်ကာ အွန်လိုင်းသင်ကြားရေးစနစ်ဖြင့် တက္ကသိုလ်တက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်သင်ကြားပေးသွားမည်ဖြစ်သည်။
TLEC ၏ အဓိကရည်ရွယ်ချက်မှာ ကလေးဗဟိုပြု ပညာရေးစနစ်အပေါ် အခြေခံ၍ ဖက်ဒရယ်ပညာရေးစနစ်ကို တည်ဆောက်ရေး၊ အသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူဖြစ်စေသော ပညာရေးစနစ် ဖော်ဆောင်ရေး၊ စဉ်းစားတွေးခေါ်တီထွင်ဖန်တီးနိုင်သော လူငယ်မျိုးဆက်များ မွေးထုတ်ရေးနှင့် တအာင်းဒေသအတွင်း အသက် (၁၈) နှစ်အောက် ကလေးငယ်တိုင်း ပညာသင်ကြားခွင့် ရရှိစေရန်၊ ကျောင်းသူ၊ကျောင်းသားများအား နိုင်ငံတကာအဆင့်မီကျောင်းများသို တက်ရောက်သင်ကြားနိုင်ရေးအတွက် ဆောင်ရွက်သွားရန်၊ ပညာသင်ကြားခွင့်မရှိသော ကလေငယ်များ အခြားနည်းဖြင့် သန်စွမ်းသူများနှင့် သက်လွန်အရွယ်များကို ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးရန် တိုဖြစ်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန
Telegram (https://t.me/taangtv2023)
PSLF/TNLA News
မှတ်ချက်များ