1742

တအာင်းစာအဖွဲ-TLAမှ ပန်ကော်ကျေးရွာ၊ ပြိန်းစင့်ကျေးရွာနှင့် လွယ်ကုန်းကျေးရွာတွင် အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

ဒေသတွင်းသတင်း / ဒေသတွင်း
06 February 2026

တအာင်းစာအဖွဲ-TLAမှ ပန်ကော်ကျေးရွာ၊ ပြိန်းစင့်ကျေးရွာနှင့် လွယ်ကုန်းကျေးရွာတွင် အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ


ကျောက်မဲ၊ ဖေဖော်ဝါရီ ၆ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြိုနယ်၊ လွယ်ကုန်းကျေးရွာ၊ ပြိန်းစင့်ကျေးရွာနှင့် ပန်ကော်ကျေးရွာတိုတွင် တအာင်းစာအဖွဲ-TLAမှ တအာင်းစာပေယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးအတွက် အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။




 

အဆိုပါ ပန်ကော်ကျေးရွာ၌ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၄)ရက်နေ့တွင် တအာင်းစာအဖွဲ-TLAမှ ဦးစီးပြီးကျင်းပပြုလုပ်ခဲ့သည်။ ထိုသင်တန်းတွင် သင်တန်းသား (၁၀)ဦးနှင့် သင်တန်းသူ (၂၅)ဦး စုစုပေါင်း (၃၅)ဦး၊ အခြေခံတအာင်းရုံးသုံးစာ သင်ကြားပေးခဲ့သည်။


ထိုအပြင် ပြီးခဲ့သည့် (၃)ရက်နေ့တွင်လည်း လွယ်ကုန်းကျေးရွာတွင် သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့သည်။ ထိုသင်တန်းတွင် သံမဏေ (၉)ပါး၊ သင်တန်းသား (၁)ဦးနှင့် သင်တန်းသူ (၁၃)ဦး စုစုပေါင်း (၂၃)ဦး တက်ရောက်သင်ကြားခဲ့သည်။ 




အလားတူ ဖေဖော်ဝါရီ (၅)ရက်နေ့လည်း ပြိန်းစင့်ကျေးရွာ၌ သင်တန်းဆင်းပွဲပြုလုပ်ကျင်းပပြီးစီးခဲ့သည်။ ၎င်းသင်တန်းတွင် သံဃာတော် (၄)ပါး၊ သင်တန်းသူ(၂၉)ဦး၊ သင်တန်းသား (၁၃)ဦး စုစုပေါင်း (၄၉)ဦး တက်ရောက်သင်ကြားခဲ့သည်။





၎င်းတိုကို တအာင်းစာအဖွဲ-TLAမှ သင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်ကြောင်းလက်မှတ် (Certificates)များ ပေးအပ်ခဲ့ပါသည်။ 


တအာင်းအမျိုးသားတို၏ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ရန် ရည်ရွယ်၍တအာင်းစာအဖွဲ-TLAမှ တအာင်းပြည်အတွင်းရှိ ကျေးရွားများတွင် လိုက်လံပြီး အခြေခံတအာင်းရုံးသုံးစာ သင်ကြားပေးလျက်ရှိပါသည်။


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းစာအဖွဲ-TLAမှ ပန်ကော်ကျေးရွာ၊ ပြိန်းစင့်ကျေးရွာနှင့် လွယ်ကုန်းကျေးရွာတွင် အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်