1740

PSLF/TNLA၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ၂၀၂၅ခုနှစ်အတွင်း ကျေးရွာပေါင်း (၃၄၄)ရွာကို ကွင်းဆင်းအသိပညာပေးမှုများပြုလုပ်နိုင်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
05 February 2026

PSLF/TNLA၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ၂၀၂၅ခုနှစ်အတွင်း ကျေးရွာပေါင်း (၃၄၄)ရွာကို ကွင်းဆင်းအသိပညာပေးမှုများပြုလုပ်နိုင်ခဲ့


နမ့်ဆန်၊ ဖေဖော်ဝါရီ ၅ရက်

တအာင်းပြည်သတင်း


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ၂၀၂၅ခုနှစ် တစ်နှစ်တာအတွင်း ကျေးရွာပေါင်း (၃၄၄)ရွာကို ကွင်းဆင်းအသိပညာပေးမှုများ ပြုလုပ်နိုင်ခဲ့သည်။


ထိုအသိပညာပေးမှုကွင်းဆင်းရာတွင် နမ့်ဆန်ခရိုင်ရှိ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနှင့် မိုင်းငေါ့မြို့နယ်မှ ကျေးရွာပေါင်း (၁၁၈)ရွာ၊ ပြည်သူလူထု (၇၁၂၁)ဦး၊  ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲနှင့် သီပေါမြို့နယ်များမှ ကျေးရွာ (၂၈) ရွာ၊ ပြည်သူလူထု (၁,၁၇၂) ဦး၊ မိုးကုတ်ခရိုင်အတွင်း မိုးကုတ်၊ မိုးမိတ်နှင့် မိုင်းလုံမြို့နယ်များမှ ကျေးရွာ (၅၅) ရွာ၊ ပြည်သူလူထု (၂,၄၄၅) ဦး၊ ကွတ်ခိုင်ခရိုင်အတွင်း ကွတ်ခိုင်နှင့် နမ့်ဖတ်ကာမြို့နယ်များမှ ကျေးရွာ (၂၃) ရွာ၊ ပြည်သူလူထု (၁,၀၅၃) ဦး၊ နမ့်ခမ်းခရိုင်အတွင်း နမ့်ခမ်း၊ မိုင်းဝီးနှင့် မူဆယ်မြို့နယ်များမှ ကျေးရွာ (၁၀၅) ရွာ၊ ပြည်သူလူထု (၅,၈၄၄) ဦးနှင့် မိုင်းယော်မြို့နယ်အတွင်းရှိ ကျေးရွာ (၁၅) ရွာ၊ ပြည်သူလူထု (၇၄၅) ဦးတို့ကို အိမ်တွင်းအကြမ်းဖက်မှု၊ အမျိုးသမီးနှင့်ကျန်းမာရေး၊ အမျိုးသမီးနှင့်ပျော်ရွှင်သောမိသားစု၊ အမျိုးသမီးနှင့်ပညာရေး၊ အမျိုးသမီးနှင့်မူးယစ်ဆေးဝါး၊ စောစီးစွာအိမ်ထောင်ကျခြင်း၊ အမျိုးသမီးနှင့် စီးပွားရေး၊ အမျိုးသမီးနှင့်အခွင့်အရေး၊ အမျိုးသမီးနှင့်အမွေဆက်ခံခြင်း၊ မိသားစုစီမံကိန်း၊ ကလေးသူငယ်အခွင့်အရေး၊ ဆယ်ကျော်သက်အရွယ်ပြောင်းလဲမှု ၊ မျိုးဆက်ပွားကျန်းမာရေးနှင့် လိင်ပိုင်းဆိုင်ရာအသိပညာပေးမှု စသည့်အကြောင်းအရာများကို အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


PSLF/TNLA ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများ၏ အခြေခံလူ့အခွင့်အရေးများ ကာကွယ်မြှင့်တင်ရေးကို အဓိကထား၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု လျော့ချရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် လူထုအသိပညာပေး စည်းရုံးရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှု တိုးတက်ရေးအစီအစဉ်များကို ချမှတ်ပြီးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


ထို့အပြင် ၂၀၂၅ ခုနှစ်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်ရပ် (၈၁) မှုဖြစ်ပွားခဲ့ပြီး၊ ယင်းအချက်အလက်များကို အခြေခံ၍ ကာကွယ်ရေးနှင့် အကူအညီပေးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အကြမ်းဖက်မှု ခံစားရသူများအနေဖြင့် မိမိတို့၏ လူ့အခွင့်အရေးများကို ကာကွယ်နိုင်ရန် သက်ဆိုင်ရာဌာနများသို့ လွတ်လပ်စွာ တိုင်ကြားနိုင်ပါသည်။



#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ၂၀၂၅ခုနှစ်အတွင်း ကျေးရွာပေါင်း (၃၄၄)ရွာကို ကွင်းဆင်းအသိပညာပေးမှုများပြုလုပ်နိုင်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်