1779

ဖေဖော်ဝါရီလအတွင်း PSLF/TNLA အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာနသည် ကျေးရွာပေါင်း (၉၈) ရွာတွင် ကွင်းဆင်း၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
04 March 2026

ဖေဖော်ဝါရီလအတွင်း PSLF/TNLA အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာနသည် ကျေးရွာပေါင်း (၉၈) ရွာတွင် ကွင်းဆင်း၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့


နမ့်ဆန်၊ မတ်လ ၄ရက်

တအာင်းပြည်သတင်း


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံဖြိုးတိုး တက်ရေးဌာနသည် ဖေဖော်ဝါရီလအတွင်း ကျေးရွာပေါင်း (၉၈) ရွာရှိ ပြည်သူလူထုများထံ ကွင်းဆင်း၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။




ထိုအသိပညာပေးကွင်းဆင်းရာတွင် နမ့်ဆန်မြိုနယ်ရှိ ကျေးရွာ (၁၇)ရွာ၊ သီပေါမြိုနယ်ရှိ ကျေးရွာ (၁)ရွာ၊ မိုင်းငေါ့မြိုနယ်ရှိ ကျေးရွာ(၁၀)ရွာ၊ နမ့်ခမ်းမြိုနယ်ရှိ ကျေးရွာ (၁၆)၊ ကွတ်ခိုင်မြိုနယ်ရှိ ကျေးရွာ (၅၄)ရွာတိုဖြစ်ကြသည်။ 





အဆိုပါမြိုနယ် (၅)ခုမှ ပြည်သူလူထုစုစုပေါင်း လူဦးရေ (၈၁၃၇)ဦးအား အမျိုးသမီးနှင့် ပျော်ရွှင်သောမိသားစု၊ လိင်ပိုင်းဆိုင်ရာအသိပညာပေး၊ အမျိုးသမီးနှင့် မူးယစ်ဆေးဝါး၊ အမျိုးသမီးနှင့် ပညာရေး၊ မိသားစုစီမံကိန်း၊ စောစီးစွာအိမ်ထောင်ကျခြင်း၊ အမျိုးသမီးနှင့် ကျန်းမာရေးနှင့် Online ကျားဖြန့်စသည့်အကြောင်းအရာများကို အသိပညာပေးပြုလုပ်ခဲ့သည်။





PSLF/TNLA ၏ အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများ၏ အခြေခံလူ့အခွင့်အရေးများ ကာကွယ်မြှင့်တင်ရေးကို အဓိကထား၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု 

လျှော့ချရေးလုပ်ငန်းစဉ်များ၊အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် လူထုအသိပညာပေး စည်းရုံးရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှု တိုးတက်ရေးအစီအစဉ်များကို ချမှတ်ပြီးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။






ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းလည်း နမ့်ခမ်းမြိုနယ်ရှိကျေးရွာ (၂၆)ရွာ၊ မိုင်းဝီးမြိုနယ်ရှိ ကျေးရွာ (၃၀)ရွာ၊ မန်တုံမြိုနယ်ရှိ ဟိုခိုရပ်ကွက်နှင့် နမ္မတူမြိုနယ်ရှိ ကျေးရွာ (၁)ရွာတို ပြည်သူလူထု စုစုပေါင်း လူဦးရေ (၅၃၈၇)ဦးအား အသိပေးပညာပေး ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန

Topics: ဖေဖော်ဝါရီလအတွင်း PSLF/TNLA အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာနသည် ကျေးရွာပေါင်း (၉၈) ရွာတွင် ကွင်းဆင်း၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်