1791

နမ့်ဆန်မြိုတွင် မော်တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးအဖွဲမှ ယာဥ်လိုင်စင်များ စစ်ဆေးဆောင်ရွက်မှုပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
13 March 2026

နမ့်ဆန်မြိုတွင် မော်တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးအဖွဲမှ ယာဥ်လိုင်စင်များ စစ်ဆေးဆောင်ရွက်မှုပြုလုပ် 


နမ့်ဆန်၊ မတ်လ ၁၃ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြိုတွင် မော်တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးအဖွဲမှ မြိုအတွင်း သွားလာဖြတ်သန်းနေသည့် မော်တော်ယာဥ်များအား ယာဥ်လိုင်စင် ပြုလုပ်ထားခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။





အဆိုပါစစ်ဆေးဆောင်ရွက်မှုများကို  မတ်လ (၁၁ )ရက်နေ့ နံနက်ပိုင်း (၉း၀၀)နာရီအချိန်မှစတင်၍ မြိုအတွင်း သွားလာနေသည့် မော်တော်ယာဥ်များအား ရပ်တန့်စစ်ဆေးကာ ယာဥ်လိုင်စင် ပြုလုပ်ထားခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုင်စင်မပြုလုပ်ရသေးသော ယာဥ်မောင်းများအား လိုင်စင်ပြုလုပ်ရန် အသိပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။




ယခု မတ်လအတွင်း ယာဥ်လိုင်စင် မပြုလုပ်ရသေးသူများအား အရေးယူဖမ်းဆီးခြင်း မပြုလုပ်သေးဘဲ လာမည့် ဧပြီလမှ စတင်၍ ယာဥ်လိုင်စင် မပြုလုပ်ထားသည့် ယာဥ်များကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။


ထိုအပြင် ယာဥ်လိုင်စင် ပြုလုပ်လိုသူများအနေဖြင့် သက်ဆိုင်ရာ မော်တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးအဖွဲထံ လာရောက် စုံစမ်းနိုင်ကြောင်း အသိပေးအပ်ပါသည်။





အခြား ပြည်နယ်နှင့် ပြည်ပမှ လာရောက်သည့် မော်တော်ယာဥ်များအတွက်လည်း မော်တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးအဖွဲမှ ယာယီသွားလာခွင့် (Temporary Pass) ကို ပြုလုပ်ပေးသွားမည် ဖြစ်သည်။


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန



Topics: နမ့်ဆန်မြိုတွင် မော်တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးအဖွဲမှ ယာဥ်လိုင်စင်များ စစ်ဆေးဆောင်ရွက်မှုပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်