1758

PSLF/TNLA ၏ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၃) တက်ရောက်လိုသည့် ရဲဘော်/ရဲမေများ လျှောက်ထားနိုင်ကြောင်း အသိပေးနှိးဆော်ခြင်း

ဒေသတွင်းသတင်း / ဒေသတွင်း
13 February 2026

PSLF/TNLA ၏ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၃) တက်ရောက်လိုသည့် ရဲဘော်/ရဲမေများ လျှောက်ထားနိုင်ကြောင်း အသိပေးနှိးဆော်ခြင်း


တအာင်းပြည်၊ ဖေဖော်ဝါရီလ ၁၃ရက်

တအာင်းပြည်သတင်း


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် Political Science School (P.S.S) အပတ်စဉ် (၃) ကို တက်ရောက်လိုသည့် ရဲဘော်/ရဲမေများ လျှောက်ထားနိုင်ကြောင်း အသိပေးနှိးဆော်အပ်ပါသည်။


အဆိုပါ Political Science School (P.S.S) ကျောင်းအား စိတ်ပါဝင်စားသည့် အသက် (၁၈) နှစ်မှ (၂၈) နှစ်အရွယ်အတွင်းရှိ ရဲဘော်/ရဲမေများကို ယခု ဖေဖော်ဝါရီလကုန်အထိ သတ်မှတ်ကာ လျှောက်ထားနိုင်ပါသည်။


နိုင်ငံရေးသိပ္ပံကျောင်းကို လျှောက်ထားလိုသည့် ရဲဘော်/ရဲမေများအား  ပညာအရည်အချင်း သတ်မှတ်ချက်အနေဖြင့် ပညာရေးစနစ်ဟောင်းဖြစ်ပါက တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူနှင့် ပညာရေးစနစ်သစ်ဖြစ်ပါက Grade(12)အထိ အောင်မြင်ပြီးသူများ ဖြစ်သည်။ နိုင်ငံရေးသိပ္ပံကျောင်းတွင် ကျောင်းသူ/သား စုစုပေါင်း လူဦးရေ (၃၅) ဦးသာ ရွေးချယ်လက်ခံသင်ကြားသွားမည်ဖြစ်ပြီး သင်ကြားရေးကာလမှာ (၃) နှစ်တိတိ ကြာမြင့်မည်ဖြစ်ပါသည်။


သင်ကြားရေးကာလအတွင်း အဓိကသင်ကြားပေးမည့် ဘာသာရပ်များမှာ

English၊ Capacity Building Subjects၊ Human Rights Subjects၊ Basic Political Subjects၊ Political Economy နှင့် Advanced Political Subjects တို ဖြစ်ပါသည်။


Political Science School (P.S.S) ကို ၂၀၂၂ ခုနှစ်တွင် အပတ်စဉ် (၁) အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး (၃) နှစ်တာကာလအတွင်း ကျောင်းသား/သူ စုစုပေါင်း (၃၅) ဦး တက်ရောက်သင်ကြားအောင်မြင်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် အပတ်စဉ် (၂) ကို ကျောင်းသား/သူ (၂၅) ဦးဖြင့် ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး နိုင်ငံရေးသိပ္ပံဆိုင်ရာ ပညာရပ်များကို စနစ်တကျ လေ့လာသင်ယူလျက်ရှိပါသည်။ ယခု ၂၀၂၆ ခုနှစ်တွင်လည်း နိုင်ငံရေးသိပ္ပံကျောင်းအား အပတ်စဉ် (၃) ဖြင့် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။


အဆိုပါ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၁) တွင် အောင်မြင်ပြီးမြောက်သည့် ကျောင်းသူ/သားများအား ဒီပလိုမာဘွဲအပ်နှင်းခြင်း၊ ထူးချွန်သည့် ကျောင်းသူ/သားများအား ဆုချီးမြှင့်ခြင်းနှင့် သင်ကြားပေးသည့် ဆရာ/မများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။


ဤကျောင်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်သည် နိုင်ငံရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍနှင့် PSLF/TNLA ၏ ဌာနဆိုင်ရာကဏ္ဍများတွင် ဦးဆောင်နိုင်သူများ ပိုမိုထွက်လာစေရန်၊ တအာင်းတမျိုးသားလုံးနှင့် PSLF/TNLA တွင် နိုင်ငံရေးဆိုင်ရာဦးဆောင်နိုင်သူများ၊ လုပ်ငန်းပိုင်းဆိုင်ရာဦးဆောင်နိုင်သူများနှင့် ကဏ္ဍပေါင်းစုံတွင် ဦးဆောင်သူများ ထွက်ပေါ်လာစေရန်နှင့် အဖွဲအစည်းအတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များအား နိုင်ငံရေးဆိုင်ရာအတွေးအခေါ်များ၊ တော်လှန်ရေးဆိုင်ရာအတွေးအခေါ်များ၊ လုပ်ငန်းပိုင်းဆိုင်ရာအတွေးအခေါ်များ မြှင့်တင်ပေးသောအားဖြင့် ထိုကျောင်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ပါသည်။


ဆက်သွယ်ရန်

WhatsApp Number – 09652707968/09781158924

https://www.facebook.com/profile.php?id=61553921504614


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA ၏ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၃) တက်ရောက်လိုသည့် ရဲဘော်/ရဲမေများ လျှောက်ထားနိုင်ကြောင်း အသိပေးနှိးဆော်ခြင်း
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်