အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် စွမ်းရည်မြင့်တင်‌ရေးလုပ်ငန်းစဉ်၌ တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း (၁၀) ဦး စတင်ခေါ်ယူနေ

တအာင်းအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန-WDD တွင် အမျိုးသမီးအခွင့်အရေးနှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် Focal Person (၁၀) ဦး အမြန်အလိုရှိနေပါသည်။ ဒေသတွင်းသွားလာနိုင်ပြီး ဆိုင်ကယ်မောင်းတတ်သူ၊ မြန်မာစာ အသင့်အတင့်ရသူနှင့် အမျိုးသမီးရေးရာ စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ကာ၊ ရွေးချယ်ခံရပါက (၃) လ အစမ်းခန့်ကာလ အဖြစ် အသိပညာပေးခြင်းနှင့် အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများကို တာဝန်ယူရမည်ဖြစ်သည်။ လျှောက်လွှာများကို အောက်တိုဘာ (၂၅) ရက် နောက်ဆုံးထား၍ CV၊ မှတ်ပုံတင်မိတ္တူ၊ သင်တန်းဆင်းလက်မှတ်နှင့် ရွာထောက်ခံစာတို့နှင့်အတူ Google Form (သို့မဟုတ်) ရုံးသို့ ပေးပို့ရမည်ဖြစ်ပြီး၊ အသေးစိတ်ကို ဖုန်း 09-679868441 / 09-673506524 သို့မဟုတ် အီးမေးလ် [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ်တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံးအား ကလေးငယ် ၃ ဦးက ဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေးငယ် (၃)ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။


လူကြည့်အများဆုံး သတင်းများ

25 September 2026