232

မိုင်းလုံမြို့၌ PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ(၄၀)ဦးအား ဖမ်းဆီးအရေးယူ

ဒေသတွင်းသတင်း / ဒေသတွင်း
22 May 2024

မိုင်းလုံမြို့၌ PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ(၄၀)ဦးအား ဖမ်းဆီးအရေးယူ

မိုင်းလုံ၊ မေ ၂၂ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ မိုင်းလုံမြို့၌ PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဒေသခံပြည်သူများ လုံခြုံ‌အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် မြို့တွင်း တရားဥပဒေစိုးမိုးနိုင်ရေးအတွက်မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများအား  လိုက်လံ ဖမ်းဆီးအရေးယူလျက်ရှိသည်။





ထိုသို့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများအား  လိုက်လံဖမ်းဆီးရာတွင် မိုင်းလုံမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ(၄၀)ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။






ဖမ်းဆီး ထိန်းသိမ်းခံရသူများအား မြို့နယ်တရားဥပဒေစိုးမိုး‌ရေးတပ်ဖွဲ့က  PSLF/TNLA၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် (၆)လကြာ ထိန်းသိမ်း၍ အကျင့်စာရိတ္တပြန်လည်ကောင်းမွန်လာပါက မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံသွားမည်ဖြစ်သည်။






မိုင်းလုံမြို့နယ်အတွင်း မူးယစ်‌ဆေးဝါးကင်းစင်ပပျောက်ရေးအတွက် PSLF/TNLA၏ မြို့နယ်တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တင်းကြပ်စွာ လုပ်ဆောင်သွားမည်ဖြစ်ရာ ကျန်ရှိနေသေးသည့် မူးယစ်‌ဆေးဝါး သုံးစွဲသူများအနေဖြင့် မိမိဆန္ဒသဘောထားအလျောက် PSLF/TNLA၏ အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် လာရောက်ကာ အကျင့်စာရိတ္တပြုပြင်နိုင်သည်။

မိုင်းလုံမြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲ၊ လက်ဝယ်ထားရှိ ၊ ရောင်းဝယ် ဖောက်ကားမှု ပြုလုပ်နေသူ မည်သူ့ကိုမဆို ဖမ်းဆီးထိန်း သိမ်း၍ ထိရောက်သော အရေးယူမှုများလည်း ပြုလုပ်သွားမည်ဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ မိုင်းလုံမြို့၌ PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဒေသခံပြည်သူများ လုံခြုံ‌အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် မြို့တွင်း တရားဥပဒေစိုးမိုးနိုင်ရေးအတွက်မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများအား လိုက်လံ ဖမ်းဆီးအရေးယူလျက်ရှိသည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်