မိုင်းဝီးမြို့နှင့် နမ္မတူမြို့နယ်တို့တွင် မြို့ရွာသန့်ရှင်းသာယာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စက်တင်ဘာလလယ်ပိုင်းက လမ်း၊ တံတားနှင့် ရေမြောင်းများ ပြုပြင်ရှင်းလင်းခြင်းလုပ်ငန်းများကို စုပေါင်းလုပ်အားပေး ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါလုပ်အားပေး ဆောင်ရွက်မှုများကြောင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရန် ဆောင်ရွက်နိုင်ခဲ့သည်။
ယခုဖတ်ရန်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန Women Empowerment Program Team မှ နမ့်ခမ်း၊ နမ့်ဆန်၊ မိုင်းငေါ့ မြို့နယ် ၃ မြို့နယ်ရှိ ကျေးရွာ ၁၉ ရွာက ဒေသခံ (၆၀၀)ကျော်အား အိမ်တွင်းအကြမ်းဖက်မှုပပျောက်စေရေး၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် သက်ဆိုင်သည့် အသိပညာပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
လူကြည့်အများဆုံး သတင်းများ