247

ကွတ်ခိုင်မြို့တွင် အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ဌာနဆိုင်ရာများ အစည်းဝေးပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
27 May 2024

ကွတ်ခိုင်မြို့တွင် အထွေထွေအတွင်းရေးမှူ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ဌာနဆိုင်ရာများ အစည်းဝေးပြုလုပ်

ကွတ်ခိုင်၊ မေ ၂၇ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့တွင် ယမန်နေ့ မေလ ၂၆ ရက်နေ့  နေ့လည် (၁း၀၀)အချိန် ကွတ်ခိုင်မြို့နယ်ရှိ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ တပ်မဟာ (၅)မှ တာဝန်ရှိသူများနှင့်  ဗိုလ်ချုပ် တားဘုန်းကျော်တို့ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့သည်။




တအာင်းပြည်အတွင်း တာဝန်ထမ်းဆောင်နေချိန် ခက်ခဲမှု၊ ပင်ပန်းမှူ၊ လိုအပ်ချက်များ များစွာရှိနေသည့်အတွက် ကျရာနေရာတွင် ပေးအပ်ထားသည့် တာဝန်များကို  ကောင်းကောင်းမွန်မွန် ထမ်းဆောင်ကြရန်နှင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို အကောင်းဆုံးနည်းလမ်းဖြင့် အားလုံးဆွေးနွေးတိုင်ပင်ပြီး ဖြေရှင်းသွားရန်လိုအပ်ကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်မှ မှာကြားခဲ့သည်။


ထို့နောက်သံလွင်ခရိုင်အတွင်း အုပ်ချုပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ မီးသတ် တပ်ဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများမှ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အခက်အခဲ၊ လိုအပ်ချက်၊အားနည်းချက်နှင့် ရှေ့လုပ်ငန်းစဥ်များကို တင်ပြခြင်းနှင့် လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။





၎င်းတို့၏တင်ပြချက်ကိုလည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်မှ ပြန်လည်ဆွေးနွေးအကြုံပြုဆွေးနွေးခဲ့သည်။





အစည်းအဝေးတွင် ဗိုလ်ချုပ် တားဘုန်းကျော်၊ဗိုလ်မှူးကြီး တားမိုးဟိန်း၊ PSLF/TNLA သံလွင်ခရိုင်အတွင်း တာဝန်ထမ်းဆောင်နေကျသော ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့် အရပ်ဖက်အဖွဲ့အစည်းတချို့ အပါအဝင် စုစုပေါင်း ၃၅ ဦးတက်ရောက်ခဲ့သည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့တွင် ယမန်နေ့ မေလ ၂၆ ရက်နေ့ နေ့လည် (၁း၀၀)အချိန် ကွတ်ခိုင်မြို့နယ်ရှိ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ တပ်မဟာ (၅)မှ တာဝန်ရှိသူများနှင့် ဗိုလ်ချုပ် တားဘုန်းကျော်တို့ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်