245

ကျောက်မဲ - သီပေါကြား ယာယီဆောက်လုပ်ထားသည့် ကျင်သီတံတားအား ပြန်လည်ပြုပြင်ပြီးနောက် ပုံမှန်အတိုင်း ဖြတ်သန်းသွားလာ ခွင့်ပြု

ဒေသတွင်းသတင်း / ဒေသတွင်း
27 May 2024

ကျောက်မဲ - သီပေါကြား ယာယီဆောက်လုပ်ထားသည့် ကျင်သီတံတားအား ပြန်လည်ပြုပြင်ပြီးနောက် ပုံမှန်အတိုင်း ဖြတ်သန်းသွားလာ ခွင့်ပြု

နမ့်ဆန်၊ မေလ(၂၇)ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြို့နှင့် သီပေါ့မြို့အကြား ယာယီဆောက်လုပ်ထားသည့် ကျင်သီတံတားအား ယနေ့ မေလ(၂၇) နံနက်ပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာ ခွင့်ပြုပြီ ဖြစ်သည်။





မော်တော်ဆိုင်ကယ်နှင့် ယာဥ်ငယ်များ ဖြတ်သန်းသွားလာနိုင်ရန် ယာယီဆောက်လုပ်ထားသည့် အဆိုပါ ကျင်တီတံတားသည် ယမန်နေ့ မေလ(၂၆)ရက်နေ့တွင် တောင်ကျရေနှင့်အတူ ချောင်းအတွင်းရေများမြင့်တက်လာပြီးနောက် ပျက်စီးသွားသည်။







ထို့ကြောင့် ယာဥ်များ ဖြတ်သန်းသွားလာခွင့်အား တာဝန်ရှိသူများက ခေတ္တ ပိတ်ထားသည်။

ယခုအခါ ပျက်စီးသွားသည့် ယင်း ယာယီတံတားအား ဒေသခံလူထုမှ သစ်သားများဖြင့် ပြန်လည်ပြုပြင်ရာ မော်တော်ဆိုင်ကယ်နှင့် ယာဥ်ငယ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်သည်။




အဆိုပါ ယာယီတံတားသည် လွန်ခဲ့သည့် မတ်လပိုင်း၌ ကျောက်မီးသွေး ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုမှ ယာဥ်ငယ်များနှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်ရန် ယာယီဆောက်လုပ်ပေးခဲ့သည်။

#PSLF/TNLA
#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြို့နှင့် သီပေါ့မြို့အကြား ယာယီဆောက်လုပ်ထားသည့် ကျင်သီတံတားအား ယနေ့ မေလ(၂၇) နံနက်ပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာ ခွင့်ပြုပြီ ဖြစ်သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်