236

မန်တုံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ ဖြစ်ပွားကာ ပစ္စည်းအများအပြားဆုံးရှုံး

ဒေသတွင်းသတင်း / ဒေသတွင်း
22 May 2024

မန်တုံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ ဖြစ်ပွားကာ ပစ္စည်းအများအပြားဆုံးရှုံး


မန်တုံ၊ မေလ ၂၂ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၃)စစ်ဒေသ မန်တုံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားကာ ပြည်သူများ၏ပစ္စည်းဥစ္စာအများအပြားဆုံးရှုံးသွားသည်။






မန်တုံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များမြုပ်ကာ နေအိမ်များအတွင်းရှိ ပစ္စည်းအများအပြား ရေအတွင်းမျောပါပျက်စီးသွားခဲ့သည်။





မန်တုံမြို့သည် နှစ်စဥ် ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး လမ်းများပိတ်ထားရသည့်အထိ ဖြစ်ပွားခဲ့သည်။ ယခုရေကြီးရေလျှံမှုကြောင့် ပြည်သူလူထုများ၏ ပစ္စည်းဥစ္စာ ကာလတန်ဖိုး စုစုပေါင်း ဆုံးရှုံးမှု ပမာဏ (၁၁,၃၃၃,၀၀၀)ကျပ်ခန့် ရှိပါသည်။






ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း မန်တုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် (၃)အိမ် ပျက်ဆီးသွားခဲ့သည်။


#PSLF/TNLA

#သတင်းနဲ့ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၃)စစ်ဒေသ မန်တုံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားကာ ပြည်သူများ၏ပစ္စည်းဥစ္စာအများအပြားဆုံးရှုံးသွားသည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်