234

ကျောက်မဲမြို့နယ် ဂေါ်လခါးရွာအနီးရှိ ထရန်စဖော်မာဝန်းအတွင်း အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
22 May 2024

ကျောက်မဲမြို့နယ် ဂေါ်လခါးရွာအနီးရှိ ထရန်စဖော်မာဝန်းအတွင်း အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး


ကျောက်မဲ၊ မေလ ၂၂ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)စစ်ဒေသ ကျောက်မဲမြို့နယ် ဂေါ်လခါးကျေးရွာအနီးရှိ ထရန်စဖော်မာဝန်းအတွင်းတွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးနေပါသည်။






ဖြစ်စဥ်မှာ မေလ ၂၁ ရက်နေ့ ညအချိန်တွင် ဂေါ်လခါးကျေးရွာအနီးရှိ ထရန်စဖော်မာဝန်းအတွင်းတွင် အမျိုးသားတစ်ဦးက ကေဘယ်ကြိုးများ ခိုးယူရန် ဖြတ်ယူစဥ် ဓာတ်လိုက်သေဆုံးသွားခြင်းဖြစ်သည်။




ယမန်နေ့ညက မီးပျက်သွားသောကြောင့် နံနက်အချိန်တွင် ထရန်စဖော်မာတွင် ရှော့ဖြစ်နေမည်စိုး၍ သွားရောက်ကြည့်ရှုချိန် ထိုအမျိုးသား သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။




အဆိုပါ ဓာတ်လိုက်ပြီးသေဆုံးသွားသည့် အမျိုးသားတစ်ဦးတွင် အသက် (၄၀) ဝန်းကျင်အရွယ်ရှိကာ ၎င်း၏ အမည်နှင့် နေရပ်လိပ်စာအား မသိရသေးပေ။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၂)စစ်ဒေသ ကျောက်မဲမြို့နယ် ဂေါ်လခါးကျေးရွာအနီးရှိ ထရန်စဖော်မာဝန်းအတွင်းတွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးနေပါသည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်