237

သီပေါတွင် ပြည်သူတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
24 May 2024

သီပေါတွင် ပြည်သူတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိ 


သီပေါ၊ မေလ ၂၄ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂) စစ်ဒေသ၊ သီပေါမြို့နယ်တွင် ဒေသခံ အမျိုးသားတစ်ဦး အပေါ့အပါးသွားနေစဥ် မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။




ဖြစ်စဥ်တွင် ယမန်နေ့ မေလ ၂၂ ရက်နေ့ နေ့လည် (၁၂း၀၀)နာရီတွင် တုံစင့်ရွာနှင့် ကုံးစုံရွာကြားရှိ လမ်းမဘေးတစ်နေရာတွင် အပေါ့အပါးသွားစဥ် မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ဒူးအောက်ပိုင်းပြတ်ထွက်ဒဏ်ရာအပြင် ဘယ်ဘက်ခြေထောက်မှာလည်း မိုင်းစထိမှန်ဒဏ်ရာရသည်။





အဆိုပါ မိုင်းထိလူနာသည် အသက် ၆၀ ဝန်းကျင်အရွယ် ဦးသန်းဝင်းဆိုသူဖြစ်ကာ သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။


၎င်း မိုင်းထိလူနာအား ညီနောင်အကျိုးဆောင်လူမှုကူညီရေးအသင်းကားဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ မေလ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ မိုင်းထိလူနာ ၇ ဦးဒဏ်ရာရပြီး ၅ ဦးသေဆုံးသွားသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၂) စစ်ဒေသ၊ သီပေါမြို့နယ်တွင် ဒေသခံ အမျိုးသားတစ်ဦး အပေါ့အပါးသွားနေစဥ် မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်