235

TLEC က ဆရာ/မများ စွမ်းရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
22 May 2024

TLEC က ဆရာ/မများ စွမ်းရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြီးစီး

နမ့်ဆန်၊ မေလ ၂၂ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြို့ ယနေ့ မေလ ၂၂ ရက်နေ့တွင် Ta'ang Land Education Council (TLEC) ၏ တစ်လကြာ ဆရာ/မများ စွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။






အခမ်းအနားတွင် (PSLF/TNLA) ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်နှင့် အာရက္ခတပ်တော် (AA) ၏ ဒုတိယစစ်ဦးစီချုပ် တဖြစ်လည်း ဒုဥက္ကဌ (၁) ဒေါက်တာညိုထွန်းအောင် တို့အသီးသီး တက်ရောက် အမှာစကား ပြောကြားခဲ့သည်။






စာသင်ကျောင်းတစ်ခုတွင် သင်ရိုးညွှန်းတမ်းထက် ကျောင်းသူကျောင်းသားများအား ပညာသင်ကြားပေးမည့် ဆရာ/မ များက အလွန်အရေးကြီးပြီး ပုံစံခွက်ဖြင့်သင်ကြားခြင်းထက် ကျောင်းသူ/သားများ စဥ်းစားတွေးခေါ်နိုင်အောင်၊ အရည်အချင်းပြည့်မီအောင် သင်ကြားပေးရမည်ဟု ဗိုလ်ချုပ် တားဘုန်းကျော်က မှာကြားခဲ့သည်။




ထို့နောက် သင်တန်းကာလအတွင်း ဘာသာရပ်ထူးချွန်သည့် ဆရာ/မများ ဆုချီးမြှင့်ပေးခြင်းနှင့် ဖျော်ဖြေရေး အစီအစဥ်များဖြင့်  အခမ်းအနားပြီးဆုံးသွားခဲ့သည်။





အဆိုပါ အပတ်စဥ်(၃)သင်တန်းသည် ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ မေလ ၂၂ ရက်နေ့အထိ တစ်လကြာ သင်တန်းပို့ချပေးကာ ဆရာ/မ လူဦးရေ (၄၀၀) တက်ရောက်ခဲ့ပါသည်။

#PSLF/ TNLA
#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြို့ ယနေ့ မေလ ၂၂ ရက်နေ့တွင် Ta'ang Land Education Council (TLEC) ၏ တစ်လကြာ ဆရာ/မများ စွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်