238

မိုင်းငေါ့မြို့၌ ကျင်းပပြုလုပ်သည့် TLEC ၏ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲတွင် ဆရာ/မ(၁၃၀)ကျော် သင်တန်းဆင်း

ဒေသတွင်းသတင်း / ဒေသတွင်း
24 May 2024

မိုင်းငေါ့မြို့၌ ကျင်းပပြုလုပ်သည့် TLEC ၏ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲတွင် ဆရာ/မ(၁၃၀)ကျော် သင်တန်းဆင်း

မိုင်းငေါ့၊ မေလ ၂၄ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂) စစ်ဒေသ၊ မိုင်းငေါ့မြို့အထကကျောင်း၌ ယမန်နေ့ မေလ(၂၂)ရက်နေ့တွင် တအာင်းပြည် ပညာရေးကောင်စီ (TLEC)မှ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။

အချိန်ကာလ တစ်လကြာသည့် အဆိုပါ စွမ်းရည်မြှင့်တင်ရေးသင်တန်းတွင် ဆရာ/မ(၁၃၂)ဦး တက်ရောက်ခဲ့ပြီး မိုင်းငေါ့မြို့နယ်အတွင်း ဖွင့်လှစ်မည့် အခြေခံစာသင်ကျောင်းများတွင် သင်ကြားရေးတာဝန်ဝတ္တရားများ ထမ်းဆောင်သွားကြမည်ဖြစ်သည်။

မိုင်းငေါ့ မြို့နယ်အတွင်း အခြေခံစာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းအတွက် ဒေသတွင်း ကျောင်းသား/သူများအတွက်သော်လည်းကောင်း၊ ဆရာ/မများအတွက်သော်လည်းကောင်း ဂုဏ်ယူဝမ်းမြောက်ဖွယ်လည်းဖြစ်သည်။

အဆိုပါ သင်တန်းဆင်းပွဲ၌ သင်တန်းကာလအတွင်း ထူးချွန်စွာ တက်ရောက်ခဲ့သည့် ဆရာ/မများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း၊ ဘာသာရပ်အလိုက် ထူးချွန်ဆု ရရှိသည့် ဆရာ/မများအား ဆုများ ပေးအပ်ချီးမြှင့်ခြင်းနှင့် သင်တန်းအား အောင်မြင်စွာ ပြီးမြောက်စေရေးအတွက် ကူညီထောက်ပံ့သည့် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

သင်တန်းဆင်းပွဲသို့ တအာင်းပြည်ပညာရေးကောင်စီ - TLEC အဖွဲ့ဝင်များ၊ မြို့နယ် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် သင်ကြားရေး ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၂) စစ်ဒေသ၊ မိုင်းငေါ့မြို့အထကကျောင်း၌ ယမန်နေ့ မေလ(၂၂)ရက်နေ့တွင် တအာင်းပြည် ပညာရေးကောင်စီ (TLEC)မှ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်