တအားပြည်အပါအဝင် ရှမ်းပြည်နယ်တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးတိမ်တောင်များကြောင့် လေပြင်းနှင့် မိုးကြိုးအန္တရာယ် သတိပြုရန်လို

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း) ဒေသများ၌ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး လာမည့် နှစ်ရက်အတွင်းတွင်လည်း ဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ထို့အပြင် မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သစ်ပင်ကြီးများ၊ ဓာတ်အားလိုင်းများနှင့် ကွင်းပြင်များကို ရှောင်ရှားပြီး ကြိုတင်သတိပြု နေထိုင်ကြရန် တိုက်တွန်းထားပါသည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် (၅း၃၀)အချိန်မှစတင်ကာ စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် (PSLF/TNLA) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားရာ အရပ်သား(၅)ဉီးထိခိုက်ခဲ့ပြီး (၂)ဉီးသေဆုံးကာ (၃)ဉီးထိခိုက်ဒဏ်ရာရှိခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြို့နယ် ကျောက်မဲလေးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယနေ့နံနက် (၁၀:၀၅ )နာရီအချိန်တွင် ဟိုခိုကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၄)လုံး ပစ်ခတ်ခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်မြို့နယ်၊ မိုင်းယု(105)မိုင်ရွာတွင် ကျွဲတစ်ကောင် ရွာအတွင်း လိုက်လံ ရမ်းခတ်မှုကြောင့် အမျိုးသမီး (၁)ဦး သေဆုံးပြီး(၁၉)ဦး ဒဏ်ရာရရရှိခဲ့သည်။

ဒေသတွင်းသတင်း

အကျင့်စာရိတ္တပြုပြင်သူ(၁၃)ဦးအား မိုင်းလုံမြို့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ပြန်လွှတ်ပေး

လူကြည့်အများဆုံး သတင်းများ

23 November 2026