293

အကျင့်စာရိတ္တပြုပြင်သူ(၁၃)ဦးအား မိုင်းလုံမြို့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ပြန်လွှတ်ပေး

ဒေသတွင်းသတင်း / ဒေသတွင်း
21 June 2024

အကျင့်စာရိတ္တပြုပြင်သူ(၁၃)ဦးအား မိုင်းလုံမြို့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ပြန်လွှတ်ပေး

မိုင်းလုံ၊ ဇွန်လ ၂၁ ရက်
တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ၊ မိုင်းလုံမြို့တွင် အကျင့်စာရိတ္တပြုပြင်သူ (၁၃)ဦးအား သတ်မှတ်ရက်ပြည့်မြောက်၍ မိုင်လုံမြို့ PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဇွန်လ (၁၉)ရက်နေ့တွင် ပြန်လွှတ်ပေးသည်။




(၆) လကြာ အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် ထားရှိပြီး မူးယစ်ဆေးစွဲခြင်းကို ဖြတ်ပေးကာ မူးယစ်ကင်းစင်လက်မှတ်ရ၍ အိမ်ပြန်လွှတ်ပေးခြင်းဖြစ်သည်။ မိုင်းလုံမြို့နယ်တွင် မူးယစ်ဆေးဖြတ်သူ အကျင့်စာရိတ္တပြုပြင်ရေးစခန်း၌ ဦးရေ(၄၀)ရှိပြီး လက်ရှိ (၁၃)ဦးသာ မူးယစ်ဆေးဖြတ်ပြီးခြင်းဖြစ်သည်။ အဆိုပါ (၁၃)ဦးအား သက်ဆိုင်ရာ အုပ်ထိန်းသူများနှင့် ၎င်းတို့ကိုယ်တိုင် ဝန်ခံကတိလက်မှတ်နှင့်အတူ လွှတ်ပေးခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးထပ်မံသုံးစွဲ၍ နောက်ထပ်တကြိမ်ဖမ်းမိပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်သည်။





လွန်ခဲ့သည့် ဇွန်လ (၁၁)ရက်နေ့တွင်လည်း တအာင်းပြည် နမ့်ဆန်မြို့တွင် အကျင့်စာရိတ္တပြုပြင်သူ (၅၀)ဦးအား မူးယစ်ကင်းကြောင်း လက်မှတ်ထုတ်ပေးကာ ပြန်လွှတ်ပေးခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်ထိ မိုင်းလုံမြို့အပြင် စစ်ကောင်စီထိန်းချုပ်သည့် နမ့်ခမ်း၊ ကွတ်ခိုင်၊​ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်နှင့် မိုင်းငေါ့မြို့တို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများပြားပြီး လက်ရှိ PSLF/TNLA အုပ်ချုပ်ပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုအား အရေးယူမှုများ အထူးဆောင်ရွက်လျှက်ရှိ​​နေသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
#မိုင်းလုံ #မူးယစ်သုံးစွဲ #အကျင့်စာရိတ္တ #ပြန်လွှတ်ပေး

Topics: တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ၊ မိုင်းလုံမြို့တွင် အကျင့်စာရိတ္တပြုပြင်သူ (၁၃)ဦးအား သတ်မှတ်ရက်ပြည့်မြောက်၍ မိုင်လုံမြို့ PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဇွန်လ (၁၉)ရက်နေ့တွင် ပြန်လွှတ်ပေးသည်။
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်