တအာင်းပြည်အတွင်း ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် အနာဂတ်လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် လက်ဖက်မြေပညာရေးဖောင်ဒေးရှင်း (Tea Land Education Foundation - TLEF) မှ ဖွင့်လှစ်သည့် လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း (Tea Land School of Political Science - TLSPS) အပတ်စဉ် (၄) ကျောင်းဖွင့်ပွဲကို စက်တင်ဘာလ ၁၂ ရက် နမ့်ဆန်မြို့နယ်တွင် ကျင်းပခဲ့သည်။
ယခုဖတ်ရန်
နမ့်ခမ်းမြို့ ခန်းမတစ်ခုတွင် နံနက် (၉း၃၀)ခွဲမှ (၁၁း၃၀)ခွဲအထိ ပြုလုပ်ခဲ့ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်ကြီး တောင်တန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထိုနောက် နမ့်ခမ်းမြို့နယ်ရဲမှူး ဗိုလ် နော;ရိူန်းက တက်ရောက်ကြသည့် ပြည်သူလူထုများ အားပေးစကားပြောခြင်း၊ TLEC မန်အောင်ခရိုင်မှူး ဆရာသန်ညွန့်လည်း တွေ့ဆုံရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်ပြီ ရှင်းလင်းပြောကြားခဲ့ပါသည်။
"တအာင်းလူမျိုးတိုင်း မိမိတအာင်းစာပေယဉ်ကျေးမှုကို ချစ်မြတ်နိုးတက်လာစေရန် ၊ တအာင်းပြည်နယ်ရှိတဲ့ တအာင်းလူမျိုးတို့ ရုံးသုံးစာတတ်မြောက်စေနိုင်ရန်၊ တအာင်းစာပေ များများထုတ်နိုင်ပြီး နောင်လာမယ့် လူငယ်များအတွက် ဖတ်ရှု့နိုင်ရန်၊ တအာင်းပြည်နယ်ရှိတဲ့ ကျေးရွာတိုင်းကို သင်တန်းပေးနိုင်အောင်၊ တအာင်းပြည်နယ်ရှိ တအာင်းလူမျိုးတိုင်း တအာင်းစာ ရေးတတ် ဖတ်တတ် ပြောတတ် ဆိုတတ်လာအောင် "ရည်ရွယ်ပါသည်။
လူကြည့်အများဆုံး သတင်းများ