338

လားရှိုးမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျ‌ရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၆) ဦးထပ်မံသေဆုံး (၁၀)ဦးထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
04 July 2024

လားရှိုးမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျ‌ရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၆) ဦးထပ်မံသေဆုံး (၁၀)ဦးထိခိုက်ဒဏ်ရာရ


ဇူလိုင်လ ၄ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၆) စစ်ဒေသ လားရှိုးမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှု‌ကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား (၆) ဦးထပ်မံသေဆုံးပြီး (၁၀) ဦးထပ်မံဒဏ်ရာရရှိခဲ့သည်။





ဖြစ်စဉ်တွင် ယနေ့ ဇူလိုင် (၄) ရက်နေ့၊ နံနက်(၇း၀၀)အချိန်မှစ၍ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး ထိုကဲ့သို့ပစ်ခတ်မှုကြောင့် လားရှိုးမြို့တွင်းရှိ ဒေသခံနေအိမ်အပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။






ယနေ့နံနက်တွင် ရပ်ကွက်(၉)အတွင်း လက်နက်ကြီးတစ်လုံးကျ‌‌ရောက်ပေါက်ကွဲမှုကြောင့် သားအမိ (၂)ဦး သေဆုံးပြီး  ရပ်ကွက်(၁၁)ရှိ ပညာရေးကောလိပ်အနောက်ဘက်တွင် လက်နက်ကြီးတစ်လုံး ထပ်မံကျရာ ဒေသခံ (၃)ဦး သေဆုံးသွားသည်။


ထို့အပြင် ရပ်ကွက် (၅)တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၁) တစ်ဦး သေဆုံးပြီး ထိုရပ်ကွက်တွင်း အရပ်သား (၁၀)ဦးထိခိုက်ဒဏ်ရာရရှိသည်။






အလားတူ ယမန်နေ့ညအချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခဲ့ပြီး လားရှိုးမြို့  ရပ်ကွက်(၁) ဗျူဟာလမ်းတွင် ၁ လုံး၊ ရပ်ကွက်(၇) ဂျာမိုင်ရွာတွင် ၁ လုံး၊ ရပ်ကွက်(၁၀) မီးပွိုင့်အနီး ၁ လုံး၊ ရပ်ကွက်(၁၀) သရဖီလမ်းတွင် ၁ လုံး၊ ရပ်ကွက်(၁၀) တောရကျောင်းအနားတွင် ၁ လုံး၊ ရပ်ကွက်(၁၁) ဂေါက်ကွင်းတွင် ၁ လုံး၊ ရပ်ကွက်(၅) တွင် ၂ လုံးနဲ့ ရပ်ကွက်(၉)က ၁ လုံး၊ ရပ်ကွက်(၁၂) လားရှိုးစျေးကြီးအနီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။


ထို့အပြင် ယနေ့မွန်းလွှဲ (၂း၃၀) အချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့ပြီး လားရှိုးမြို့ ရပ်ကွက်(၉)ရှိ မူလွန်(၁၅)ကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲကာ စာသင်ကျောင်းဆောင် ထိခိုက်ပျက်ဆီးခဲ့သည်။ ထိုကျောင်းသည် တိုက်ပွဲစတင်သည့်နေ့ကစပြီး ပိတ်ထားခဲ့သဖြင့် ကျောင်းသူ/သား ထိခိုက်သေဆုံးမှုတစ်စုံတရာမရှိပေ။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: လားရှိုးမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျ‌ရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၆) ဦးထပ်မံသေဆုံး (၁၀)ဦးထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်