330

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာ​ဖြင့်ပေါင်(၅၀၀)ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ်(၂၀) နီးပါး ပျက်စီး

ဒေသတွင်းသတင်း / ဒေသတွင်း
01 July 2024

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာ​ဖြင့်ပေါင်(၅၀၀)ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ်(၂၀) နီးပါး ပျက်စီး

တအာင်းပြည်၊ ဇူလိုင် ၁ ရက်

တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀) ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ​ဒေသခံနေအိမ်(၂၀)နီးပါး ပျက်စီးခဲ့ရသည်။





ယမန်နေ့ ညသန်ခေါင်းယံ(၁၂)နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်မှ ကျောက်မဲမြို့ ၊ ရပ်ကွက်(၁)ရှိ One Love Hotelအနီးတွင် ဂျက်ဖိုက်တာဖြင့် ပေါင်(500)ဗုံး လာရောက်ကြဲချခဲ့သည်။




စစ်ကောင်စီတပ်မှ  ပေါင်(500)ဗုံး ကြဲချမှုကြောင့် ကျောက်မဲမြို့ ရပ်ကွက်(၁)ရှိ One Love Hotel ၊ ပင်လုံလမ်းမအနီးရှိ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းဆောင်နှင့် ဒေသခံ နေအိမ်(၂၀) နီးပါး ပျက်စီးခဲ့ရသည်။





ယမန်နေ့ နံနက်ပိုင်းအချိန်တွင်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့၊ ရပ်ကွက် (၉)ရှိ ဆီဆိုင်တစ်ဆိုင်တွင် ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့သည်။





ထို့အပြင် ဇွန်လ ၂၉ ရက်နေ့ည (၁၀း၃၀)ဝန်းကျင် နောင်ချိုမြို့ မီးသတ်ရုံးအနီးတွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် အင်အားပြင်းလက်နက်ဖြစ်သည့် ပေါင်(၅၀၀)ဗုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် ၈အိမ်ထက်မနည်း ထိခိုက်ပျက်ဆီးခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲမြို့တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာ​ဖြင့်ပေါင်(၅၀၀)ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ်(၂၀) နီးပါး ပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်