333

ကျောက်မဲနှင့် သီပေါမြို့နယ်မှာ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား (၃)ဉီးသေဆုံး၊ (၅) ဉီးထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
02 July 2024

ကျောက်မဲနှင့် သီပေါမြို့နယ်မှာ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား (၃)ဉီးသေဆုံး၊ (၅) ဉီးထိခိုက်ဒဏ်ရာရ


ကျောက်မဲ၊ ဇူလိုင် ၂ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ ကျောက်မဲ၊ သီပေါမြို့နယ်တွင် စစ်ကောင်စီက ဒေသခံများ၏ နေအိမ်အတွင်း လက်နက်ကြီးပစ်ခတ်မှုဖြင့် ပစ်ခတ်ခဲ့ပြီး ကျည်ထိမှန်မှုကြောင့် အရပ်သား (၃) ဉီးသေဆုံးပြီး (၅) ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


ဖြစ်စဉ်တွင် ယမန်နေ့ ဇူလိုင်လ (၁) ရက်နေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ ရပ်ကွက် (၈) တွင် အမျိုးသား (၂)ဉီးနှင့် အမျိုးသမီးတစ်ဉီး ကျည်ထိမှန် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ 


ထို့အပြင် သီပေါမြို့ စံဖိတ်ကွက်သစ်အတွင်းတွင် ည (၆း၃၀) အချိန် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၂) ဉီး အမျိုးသမီး (၃) ဉီးထိမှန် ဒဏ်ရာရရှိသည်။


တိုက်ပွဲ (၆)ရက်တာကာလအတွင်း စစ်ကောင်စီတပ်က အင်အားပြင်းလက်နက်ဖြစ်သည့် ပေါင်(၅၀၀)ဗုံးအပါအဝင် လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် စုစုပေါင်း အရပ်သား (၂၅)ဉီးးသေဆုံး၊ (၃၇)ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် အရပ်သားနေအိမ် (၅၀) နီးပါး ထိခိုက်ပျက်ဆီးခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲနှင့် သီပေါမြို့နယ်မှာ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား (၃)ဉီးသေဆုံး၊ (၅) ဉီးထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်