326

တိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မြို့နယ် (၃)မြို့နယ်ရှိ အရပ်သားသေဆုံးသူ (၂၂)ဦးနှင့် ဒဏ်ရာရသူ (၃၀)ဦးအထိရှိလာ

ဒေသတွင်းသတင်း / ဒေသတွင်း
29 June 2024

တိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မြို့နယ် (၃)မြို့နယ်ရှိ အရပ်သားသေဆုံးသူ (၂၂)ဦးနှင့် ဒဏ်ရာရသူ (၃၀)ဦးအထိရှိလာ


ဇွန်လ ၃၀ရက် 

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ (၂)စစ်ဒေသ၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် (၅)ရက်တာကာလအတွင်း ဒေသခံအရပ်သား (၂၂)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ(၃၀)ဦးအထိ ရှိလာခဲ့သည်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့်တိုက်ခိုက်ခြင်းဖြစ်ပြီး အရပ်သားနေအိမ်နှင့် အရပ်သားတည်ရှိရာနေရာများသို့ ဦးတည်ပစ်ခတ်မှုကြောင့် ထိုကဲ့သို့ အရပ်သားသေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။


တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဇွန်လ ၂၅ ရက်နေ့တွင် ဒေသခံ (၂)ဦးသေဆုံးပြီး (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဇွန်လ ၂၆ ရက်နေ့တွင် သေဆုံးသူ (၄)ဦးနှင့် ဒဏ်ရာရရှိသူ (၁၅)ဦး၊ ၂၇ ရက်နေ့တွင် သေဆုံးသူ(၃)ဦးနှင့် ဒဏ်ရာရရှိသူ (၃)ဦး၊ ၂၈ ရက်နေ့တွင် သေဆုံးသူ (၁၁)ဦးနှင့် ဒဏ်ရာရသူ(၄)ဦးနှင့် ယနေ့ ဇွန်လ (၂၉)ရက်နေ့တွင် သေဆုံးသူ (၂)ဦးနှင့် ဒဏ်ရာရရှိသူ (၃)ဦး စုစုပေါင်း ဒေသခံ (၂၁)ဦးသေဆုံးပြီး၊ (၃၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် ကျောက်မဲမြို့ ရပ်ကွက် (၈)အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်နန်းခင်ဖုန်းနှင့် နန်းမွေးလင်းစံတို့ ၂ ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


ထို့အပြင် နောင်ချိုမြို့ (ကံ့ကော်)ဘုန်းကြီးကျောင်းပေါ်သို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံး ၆ လုံး လာရောက်ကြဲခဲ့မှုကြောင့် ဘုန်းတော်ကြီးကျောင်းဆောင်များ ထိခိုက်ပျက်ဆီးခဲ့သည်။


၎င်းအပြင် မိုးမိတ်မြို့ ညောင်နီရွာတွင် စစ်ကောင်စီက ဒရုန်းဖြင့် လာရောက်ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီ နေအိမ်တစ်လုံး ပျက်စီးခဲ့သည်။


စစ်ကောင်စီနှင့် တအာင်းတပ်မတော်တိုက်ပွဲကြောင့် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့နယ်တို့တွင် စစ်ဘေးရှောင် ၃၀၀၀‌ နီးပါအထိ ရှိနေပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မြို့နယ် (၃)မြို့နယ်ရှိ အရပ်သားသေဆုံးသူ (၂၂)ဦးနှင့် ဒဏ်ရာရသူ (၃၀)ဦးအထိရှိလာ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်