296

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဉ်လက်နက်ကြီးပစ်ခတ်

ဒေသတွင်းသတင်း
24 June 2024

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဉ်လက်နက်ကြီးပစ်ခတ်


နောင်ချို၊ ဇွန်လ ၂၄ ရက်

တအာင်းပြည်သတင်း


(၁) တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြို့နယ် ကျောက်မဲလေးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယနေ့နံနက် (၁၀:၀၅ )နာရီအချိန်တွင် ဟိုခိုကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၄)လုံး ပစ်ခတ်ခဲ့သည်။ 


(၂) တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ် အုမ္မတီးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယနေ့နံနက် (၉း၃၅)နာရီအချိန်တွင် ဆမ္မဆယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၄)လုံး ပစ်ခတ်ခဲ့သည်။


(၃) တပ်မဟာ(၂)စစ်ဒေသ၊ မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်သည် ယနေ့ညနေ (၃း၀၀)နာရီအချိန်တွင် စလောင်တောင်အနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၁)ကြိမ် ပစ်ခတ်ခဲ့သည်။


(၄) ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့တွင်လည်း တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ် အုမ္မတီးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် နံနက် (၉း၀၀)နာရီအချိန်တွင် ဆမ္မဆယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၄)လုံး ပစ်ခတ်ခဲ့သည်။


ဇွန်လ ၉ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်နှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် တအာင်းတပ်မတော် PSLF/TNLA တပ်ဖွဲ့ဝင် (၃)ဦးအသက်ပေးလှူခဲ့ရပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုပြင် ဘုန်းတော်ကြီးကျောင်းဆောင်များနှင့် အရပ်သားပြည်သူနေအိမ်များ (၅)လုံးလည်း လက်နက်ကြီးထိမှန် ပျက်ဆီးခဲ့ရပြီး၊  ဒေသခံပြည်သူလူထု (၄)ဉီး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ခြင်းနှင့် အသက် (၁၀)နှစ်အရွယ် ကလေးငယ်တစ်ဉီးလည်း သေဆုံးခဲ့ရသည်။ 


#PSLF/TNLA 

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဉ်လက်နက်ကြီးပစ်ခတ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်