295

ရွာအတွင်း ကျွဲတစ်ကောင်ရမ်းခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး (၁၉)ဦးဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
24 June 2024

ရွာအတွင်း ကျွဲတစ်ကောင်ရမ်းခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး (၁၉)ဦးဒဏ်ရာရ

၁၀၅ မိုင်၊ ဇွန်လ (၂၄)ရက်
တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်မြို့နယ်၊ မိုင်းယု(105)မိုင်ရွာတွင် ကျွဲတစ်ကောင် ရွာအတွင်း လိုက်လံ ရမ်းခတ်မှုကြောင့် အမျိုးသမီး (၁)ဦး သေဆုံးပြီး(၁၉)ဦး ဒဏ်ရာရရရှိခဲ့သည်။

ဇွန်လ (၂၂)ရက်နေ့ ညနေပိုင်းအချိန်တွင် ကားပေါ်တင်ဆောင်လာသည့် ကျွဲတစ်ကောင်သည် ကားပေါ်မှ လွှတ်မြောက်ပြီး ရွာထဲတွင် ရမ်းခတ်ခဲ့သည်။




နယ် မြေ(၃)နေ ဒေါ်ကြာအေး အသက်(၅၂) နှစ်ဆိုသူသည် နံရိုးနှင့် ရင်ဘတ်ကို ကျွဲခတ်ခံရတာကြောင့် ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေစဥ်  ယနေ့ နံနက်ပိုင်းအချိန်တွင် သေဆုံးခဲ့သည်။

ကျွဲလိုက်လံတိုက်ခတ်မှုကြောင့် ညှပ်ရိုး၊  နံရိုးကျိုး၊ ကျောအဆစ်ပြားနှင့် ရင်ဘတ် ပြင်းထန်ဒဏ်ရာရရှိသူ (၃) ဦးကို လက်ရှိ ကွတ်ခိုင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

ပေါင်နှင့် လက် ဒဏ်ရာအနည်းငယ် ရရှိသည့် (၁၆)ဦးကို (105)မိုင် ဆေးခန်းနှင့် ကြက်ခြေနီရုံးဆေးခန်းတွင်သာ ဆေးကုသမှုခံယူနေကြသည်။




သေဆုံးမှုနှင့် ထိခိုက်မှု နစ်နာမှု ကြုံတွေ့ခံစားခဲ့ရသူများအတွက် ကုစားပေးနိုင်ရန်အတွက် PSLF/TNLA တာဝန်ရှိသူများမှ ကျွဲပိုင်ရှင်အတူ ဆောင်ရွက်နေပါသည်။

အဆိုပါကျွဲအား ဖမ်းဆီးရန်ကြိုးပမ်းသော်လည်း မရရှိသောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။ ထို့နောက် ကျွဲပိုင်ရှင်အားခေါ်ယူပြီး စစ်ဆေးမေးမြန်းမှုပြုလုပ်နေပါသည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ရွာအတွင်း ကျွဲတစ်ကောင်ရမ်းခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး (၁၉)ဦးဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်