299

မြို့နယ် (၃)မြို့နယ်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသခံပြည်သူ (၂)ဉီးသေဆုံးပြီး (၃)ဉီး ဒဏ်ရာရရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
25 June 2024

မြို့နယ် (၃)မြို့နယ်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသခံပြည်သူ (၂)ဉီးသေဆုံးပြီး (၃)ဉီး ဒဏ်ရာရရှိ

လူ့အခွင့်အရေးချိုးဖောက်မှု၊ ဇွန်လ ၂၅ ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် (၅း၃၀)အချိန်မှစတင်ကာ စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် (PSLF/TNLA) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားရာ အရပ်သား(၅)ဉီးထိခိုက်ခဲ့ပြီး (၂)ဉီးသေဆုံးကာ (၃)ဉီးထိခိုက်ဒဏ်ရာရှိခဲ့ပါသည်။

ယနေ့နံနက် (၈း၃၀)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ ကျောက်မဲမြို့အတွင်း လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ကျောက်မဲမြို့ ရပ်ကွက်(၈)ရှိ နေအိမ်ပေါ်သို့ ကျ‌ရောက်ပေါက်ကွဲမှု‌ကြောင့်  အသက်(၄၂)နှစ်အရွယ် ကိုမျိုး ဆိုသူသေဆုံးသွားပြီး အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ရပ်ကွက်(၉)ရှိ အမျိုးသမီးတစ်ဉီးလည်း ကျည်ဆံထိမှန်သေဆုံးသွားခဲ့ပြီး၊ ပန်ပေါင်းကျေးရွာတွင် အသက် (၁၄) နှစ်အရွယ် နန်းအွမ်ငင်းဆိုသူနှင့် နားအိုက်ခန့်ကျေးရွာရှိ ကြက်ခြံအစောင့် အမျိုးသားတစ်ဉီးသည်လည်း ကျည်ထိမှန်ဒဏ်ရာရသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားနေသည့် မိုးကုတ်မြို့နယ်၊ နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ‌ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြား‌ရေးဌာန

Topics: မြို့နယ် (၃)မြို့နယ်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသခံပြည်သူ (၂)ဉီးသေဆုံးပြီး (၃)ဉီး ဒဏ်ရာရရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်