တအာင်းအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန-WDD တွင် အမျိုးသမီးအခွင့်အရေးနှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် Focal Person (၁၀) ဦး အမြန်အလိုရှိနေပါသည်။ ဒေသတွင်းသွားလာနိုင်ပြီး ဆိုင်ကယ်မောင်းတတ်သူ၊ မြန်မာစာ အသင့်အတင့်ရသူနှင့် အမျိုးသမီးရေးရာ စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ကာ၊ ရွေးချယ်ခံရပါက (၃) လ အစမ်းခန့်ကာလ အဖြစ် အသိပညာပေးခြင်းနှင့် အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများကို တာဝန်ယူရမည်ဖြစ်သည်။ လျှောက်လွှာများကို အောက်တိုဘာ (၂၅) ရက် နောက်ဆုံးထား၍ CV၊ မှတ်ပုံတင်မိတ္တူ၊ သင်တန်းဆင်းလက်မှတ်နှင့် ရွာထောက်ခံစာတို့နှင့်အတူ Google Form (သို့မဟုတ်) ရုံးသို့ ပေးပို့ရမည်ဖြစ်ပြီး၊ အသေးစိတ်ကို ဖုန်း 09-679868441 / 09-673506524 သို့မဟုတ် အီးမေးလ် [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ယခုဖတ်ရန်
အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်သည် ပန်လုံမှ မန်စံသို့ ယာဥ်မောင်း ဦးမောင်မောင်စိုးဆိုသူ မောင်းနှင်လာသည့် ၆-ဘီး ကုန်တင်ယာဥ်နှင့် မန်စံမှ ပန်လုံသို့ ဦးတည် မောင်းနှင်နေသည့် အသက်(၂၀)နှစ်အရွယ် မိုင်းအိုက်လော့ဆိုသူတို့မှ ယာဥ်တိုက်မှုဖြစ်ကာ ဆိုင်ကယ်မောင်းနှင်သူမှာ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းကြောင့် မန်စံတိုက်နယ်ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူရင်း သေဆုံးသွားသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန Women Empowerment Program Team မှ နမ့်ခမ်း၊ နမ့်ဆန်၊ မိုင်းငေါ့ မြို့နယ် ၃ မြို့နယ်ရှိ ကျေးရွာ ၁၉ ရွာက ဒေသခံ (၆၀၀)ကျော်အား အိမ်တွင်းအကြမ်းဖက်မှုပပျောက်စေရေး၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် သက်ဆိုင်သည့် အသိပညာပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
လူကြည့်အများဆုံး သတင်းများ