(၇၈) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မာရသွန်းအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ကြောင်း အသိပေးအပ်

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပမည့် (၇၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် (၁၀) မိုင်ကျော် မာရသွန်အပြေးပြိုင်ပွဲနှင့် အသိပညာပေးအစီအစဉ်ကို ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်က ဦးဆောင်ကျင်းပမည်ဖြစ်သည်။ လူ့အခွင့်အရေးအသိပညာ တိုးပွားစေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှု ခိုင်မာစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အသက် (၁၆) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဒီဇင်ဘာလ (၄) ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းနိုင်သည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

နောင်ချိုမြို့တွင်း မြို့မရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာတွင် မူးယစ်းဆေးဝါးအများအပြားဖမ်းဆီးရမိ

ဒေသတွင်းသတင်း

တအာင်းပြည် (၂) စစ်ဒေသ နောင်ချိုမြို့၊ မိုးကုတ်မြို့နှင့် ကျောက်မဲမြို့နယ်တို့တွင် စစ်ကောင်စီနှင့် တအာင်းတပ်မတော် (PSLF/TNLA) တို့အကြားတိုက်ပွဲပြင်းထန်ခဲ့ပြီး စကစ က လေကြောင်းအသုံးပြုတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ဉီးထပ်မံထိခိုက်ဒဏ်ရာရပြီး (၃)ဉီးသေဆုံးခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည် တပ်မဟာ၂ စစ်ဒေသ ကျောက်မဲမြို့နယ် တွင်စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၄) ဦးသေဆုံးပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လူကြည့်အများဆုံး သတင်းများ

29 November 2026