309

ကျောက်မဲတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သား(၄)သေဆုံးပြီး (၁၅)ဦး ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
27 June 2024

ကျောက်မဲတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သား(၄)သေဆုံးပြီး (၁၅)ဦး ဒဏ်ရာရ


ဇွန်လ ၊၂၇ ရက် 
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ၂ စစ်ဒေသ ကျောက်မဲမြို့နယ် တွင်စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၄) ဦးသေဆုံးပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ ဇွန် ၂၆ ရက်နေ့ နေ့လည်(၁၂း၀ဝ)တွင်တစ်ကြိမ်၊ (၄း၀၀)တွင် တစ်ကြိမ်၊ ညနေ (၆း၀၀)တွင် တစ်ကြိမ် ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့ ရပ်ကွက်(၂)၊ (၇)နှင့် ရှု့ခင်းသားတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုနေရာရှိဒေသခံ (၄)ဦး သေဆုံးခဲ့သည်။

အလားတူ ထိုကဲ့သို့ လေကြောင်းအပါအဝင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ရှိ ပြည်သူ (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇွန်လ ၂၅ ရက်နေ့တွင်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၂)ဦးသေဆုံးပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ‌ ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်ရှိ အောင်မြေသာယာဘုန်တော်ကြီးကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းထိခိုက် ပျက်စီးခဲ့သည်။

တအာင်းတပ်မတော် PSLF/TNLA နှင့် စစ်ကောက်စီတပ်တို့ တိုပ်ပွဲဖြစ်ပွားမှုကြောင့် နောင်ချို၊ ကျောက်မဲနှင့် မိုးကုတ်မြို့နယ်ရှိ ဒေသခံ ထောင်ကျော်စစ်ဘေးရှောင်နေရသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သား(၄)သေဆုံးပြီး (၁၅)ဦး ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်