312

မြို့နယ်(၃)မြို့တွင် စစ်ကောင်တပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၃) ဉီးထပ်မံထိခိုက်ဒဏ်ရာရပြီး (၃)ဉီး သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
27 June 2024

မြို့နယ်(၃)မြို့တွင် စစ်ကောင်တပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၃) ဉီးထပ်မံထိခိုက်ဒဏ်ရာရပြီး (၃)ဉီး သေဆုံး

ဇွန်လ၊ ၂၇ ရက်
တအာင်းပြည်သတင်း

တအာင်းပြည် (၂) စစ်ဒေသ နောင်ချိုမြို့၊  မိုးကုတ်မြို့နှင့် ကျောက်မဲမြို့နယ်တို့တွင် စစ်ကောင်စီနှင့်  တအာင်းတပ်မတော် (PSLF/TNLA) တို့အကြားတိုက်ပွဲပြင်းထန်ခဲ့ပြီး စကစ က လေကြောင်းအသုံးပြုတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ဉီးထပ်မံထိခိုက်ဒဏ်ရာရပြီး (၃)ဉီးသေဆုံးခဲ့သည်။

ဖြစ်စဉ်တွင် ယနေ့ ဇွန်လ ၂၇ ရက်နေ့ ကျောက်မဲမြို့ ရပ်ကွက် (၂)ရှိ နေအိမ်တစ်အိမ်ပေါ်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဉီးနှင့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ နောင်ချိုမြို့၌ ညနေပိုင်းအချိန်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲရာ ရပ်ကွက် (၄)ရှိ အသက် ၂၇ နှစ်အရွယ် ကျော်နန္ဒာဉီးဆိုသူ၏ ခြေထောက်တစ်ဖက်ထိမှန်ဆုံးရှုံးသွားခဲ့သည်။

ထို့အပြင် နောက်ချိုမြို့ ရပ်ကွက် (၄)တွင်နေထိုင်သည့် အသက် (၂၃)နှစ်အရွယ် မချယ်ရီထိန်းဆိုသူနှင့် အသက် (၁၆) နှစ်အရွယ် မထက်ရီဝင်းဆိုသူ အမျိုးသမီးနှစ်ဉီးသည် ဆိုင်ကယ်မောင်းနေစဥ် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရသည်။

မိုးကုတ်မြို့အနောက်ပိုင်း ကသဲရပ်တွင်လည်း နေ့လည်း (၁း၄၅) မိနစ်အချိန်တွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဉီးထိမှန်သေဆုံးသွားသည်။

ထို့အပြင် မိုးမိတ် ဖဒန်ရွာ၌လည်း နေ့လည်း (၂း၀၀)အချိန်တွင် စစ်ကောင်စီမှ ဒရုန်း (၂) လုံးဖြင့် တိုက်ခိုက်ရာ အရပ်သားနေအိမ် (၂) လုံးထက်မနည်းထိ ခိုက်ပျက်စီးခဲ့သည်။

ယမန်နေ့ ဇွန်လ (၂၆) ရက်နေ့သည် ကျောက်မဲတွင် စစ်ကောင်စီ လေကြောင်တိုက်ခိုက်မှုကြောင့် အရပ်သား(၄) ဉီးသေဆုံးပြီး (၁၅) ဉီးဒဏ်ရာရရှိသည်။ ဇွန်လ (၂၅) ရက်နေ့တွင်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့်  ဒေသခံ (၂) ဉီးသေဆုံးပြီး (၅) ဉီးထိခိုက်ဒဏ်ရာရသည့်အပြင် ကျောက်မဲမြို့ရှိ ငြိမ်းချမ်းရေးကုန်ရှိ အောင်မြေသာယာဘုန်းကြီးကျောင်းနှင့်  ဘုန်းကြီးပညာရေးကျောင်းထိခိုက်ပျက်စီးခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မြို့နယ်(၃)မြို့တွင် စစ်ကောင်တပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၃) ဉီးထပ်မံထိခိုက်ဒဏ်ရာရပြီး (၃)ဉီး သေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်