261

ကျောက်မဲတွင် ကုန်တင်ယာဉ်တစ်စီးတိမ်းမှောက်၍ တစ်ဦးသေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
03 June 2024

ကျောက်မဲတွင် ကုန်တင်ယာဉ်တစ်စီးတိမ်းမှောက်၍ တစ်ဦးသေဆုံး

ကျောက်မဲ၊ ဇွန်လ ၃ ရက်
တအာင်းပြည်

တအာင်းပြည်၊ တပ်မဟာ (၂)စစ်ဒေသ၊ ကျောက်မဲမြို့နယ် နာယနှင့် အိုမ်မစွန်လမ်းခွဲတွင် ကုန်တင်ယာဉ်တစ်စီးတိမ်းမှောက်၍ အသက် (၂၅) နှစ်အရွယ် ကိုဖြိူးယာဉ်နောက်လိုက်သူ သေဆုံးပြီး ယာဉ်မောင်းက ဒဏ်ရရှိခဲ့သည်။





ယာဉ်တွင် ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ (၃) ဦးလိုက်ပါလာပြီး ယာဉ်မောင်း မိုင်းမြတ်မင်းက ဒဏ်ရာအနည်းငယ်ရရှိကာ ယာဉ်ပိုင်ရှင် ဦးယောဟန်က ဘေးကင်းစွာရှိနေပါသည်။





အခင်းဖြစ်စဥ်မှာ ဇွန်လ(၁)ရက်နေ့ မွန်းလွဲ(၃) နာရီဝန်းကျင်တွင်ဖြစ်ပွားခဲ့သည်။ ဒဏ်ရာရှိထားတဲ့ယာဉ်မောင်းအား ကျောက်မဲဆေးရုံသို့ပို့ဆောင်ပြီး ယာဉ်ပိုင်ရှင်ကို PSLF/TNLA တိုက်နယ်အမှတ် (၃) တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။


#PSLF/TNLA
#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၂)စစ်ဒေသ၊ ကျောက်မဲမြို့နယ် နာယနှင့် အိုမ်မစွန်လမ်းခွဲတွင် ကုန်တင်ယာဉ်တစ်စီးတိမ်းမှောက်၍ အသက် (၂၅) နှစ်အရွယ် ကိုဖြိူးယာဉ်နောက်လိုက်သူ သေဆုံးပြီး ယာဉ်မောင်းက ဒဏ်ရရှိခဲ့သည်။
Tags: တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်