262

PSLF/TNLA၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ အပတ်စဉ် (၅) သင်တန်းဖွင့်လှစ်

ဒေသတွင်းသတင်း / ဒေသတွင်း
04 June 2024

PSLF/TNLA၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ အပတ်စဉ် (၅) သင်တန်းဖွင့်လှစ်

မန်တုံ၊ ဇွန်လ ၄ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၃)စစ်ဒေသ မန်တုံမြို့တွင် PSLF/TNLA၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ အပတ်စဉ် (၅) တရားဥပဒေစိုးမိုးရေး သင်တန်း ဖွင့်လှစ်ခဲ့သည်။






အဆိုပါ သင်တန်းဖွင့်ပွဲကို ယမန်နေ့ ဇွန်လ(၃) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး၊ သင်တန်းသား (၁၅၀) ဦးတက်ရောက်သည်။





သင်တန်းဖွင့်ပွဲသို့ PSLF/TNLA ၏ ရဲချုပ် ဗိုလ်မှူးကြီး တားကုင်ခြိီရ်၊ အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ၊ ​မန်တုံမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်​ဖများနှင့် သင်တန်းသားများ အပါအဝင် လူဦးရေ (၂၀၀)ခန့် တက်ရောက်ခဲ့သည်။

ယင်းသင်တန်းသည် အချိန်ကာလ (၄)လကြာမြင့်မည်ဖြစ်ရာ သင်တန်းသို့ တက်ရောက်ပြီးမြောက်သည့်  သင်တန်းသားများအနေဖြင့် မြို့နယ်အလိုက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင် သွားကြမည်ဖြစ်သည်။

PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့အနေဖြင့် တအာင်းပြည်အတွင်း တရားဥပဒေစိုးမိုးနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး သင်တန်းကျောင်းများ ဖွင့်လှစ်ခဲ့ရာ အပတ်စဉ်(၄)အထိ သင်တန်းသူ/သား (၂၀၀) ကျော်မွေးထုတ်နိုင်ခဲ့ပြီ၊ ယခုချိန်တွင် PSLF/TNLA အုပ်ချုပ်ထားသော မြို့နယ် (၇)မြို့နယ်တွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ တာ၀န်ထမ်းဆောင်နေပြီး ဖြစ်သည်။


#တရားဥပဒေစိုးမိုးရေး #မန်တုံမြို့

#PSLF/TNLA
#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၃)စစ်ဒေသ မန်တုံမြို့တွင် PSLF/TNLA၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ အပတ်စဉ် (၅) တရားဥပဒေစိုးမိုးရေး သင်တန်း ဖွင့်လှစ်ခဲ့သည်။
Tags: တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်