263

မိုးမိတ်နှင့် နောင်ချိုနယ်များမှာ စစ်ကောင်စီတပ်မှ လက်နက်ကြီးဆက်တိုက် ပစ်ခတ်၍ အရပ်သားပြည်သူများ ကြောက်လန့်နေရ

ဒေသတွင်းသတင်း / ဒေသတွင်း
04 June 2024

မိုးမိတ်နှင့် နောင်ချိုနယ်များမှာ စစ်ကောင်စီတပ်မှ လက်နက်ကြီးဆက်တိုက် ပစ်ခတ်၍ အရပ်သားပြည်သူများ ကြောက်လန့်နေရ


မိုးမိတ်၊ ဇွန်လ (၄)ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ(၃)စစ်ဒေသ မိုးမိတ်မြို့နယ်နှင့် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ အရပ်သားပြည်သူများရှိရာသို့ လက်နက်ကြီးနေ့စဉ်ပစ်ခတ်သဖြင့် ပြည်သူများစိုးရိမ်နေကြရသည်။

ဇွန်လ (၃)ရက် နံနက် (၉)နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် ကန်ကော်ရွာဘက်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဆီးဖြူပင်ကျေးရွာဘက်သို့ လက်နက်ကြီး(၄)ကြိမ် ပစ်ခတ်၍ ရွာဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်။ ထိုနေ့တွင်ပင် ညနေ (၄)နာရီဝန်းကျင်အချိန်၌ မိုးမိတ်မြို့နယ် မန်ဖွယ်ရွာဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး (၄)ကြိမ်ထပ်မံပစ်ခတ်ခဲ့သည်။

အဆိုပါကျေးရွာဘက်တွင်  စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူများရှိရာ တိုက်ခိုက်ခဲ့သည်။ ကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏  လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ထိခိုက်ပျက်စီးမှုများ မရှိသော်လည်း ပြည်သူများစိုးရိမ်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

ဇွန်လ (၂) ရက်နေ့ နေ့လည် (၁၁)နာရီဝန်းကျင်မှာလည်း နောင်ချိုမြိုနယ် ကန်ကော်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းရှိရာသို့ လက်နက်ကြီး ပစ်ခတ်မှုပြုလုပ်နေပါသည်။

မေလ (၂၉) ရက်နေ့ မှ  ဇွန်လ ၄  ရက်နေ့အထိ  မိုးမိတ်ဗျူဟာကုန်း ခလရ - ၂၂၃ နှင့် ၂၄၈ တပ်စခန်းမှ ကျေးရွာသို့ လက်နက်ကြီးပစ်ခတ်မှုဆက်လက်ပြုလုပ်နေပါသည်။ ထို့အပြင် လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မူဆယ်နှင့် မိုးမိတ်မြို့တို့တွင် စစ်ကောင်စီတပ်မှ စစ်လက်နက်ပစ္စည်းနှင့် စစ်အင်အား ဖြည့်တင်းနေပြီး စစ်ရေးပြင်ဆင်နေကြောင်း မြေပြင်သတင်းအရ သိရသည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည် တပ်မဟာ(၃)စစ်ဒေသ မိုးမိတ်မြို့နယ်နှင့် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ အရပ်သားပြည်သူများရှိရာသို့ လက်နက်ကြီးနေ့စဉ်ပစ်ခတ်သဖြင့် ပြည်သူများစိုးရိမ်နေကြရသည်။
Tags: တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်