265

နမ့်ဆန်မြို့တွင် ယာဉ်မတော်တဆဖြစ်ပွားပြီး လမ်းကြောင်းမှားသည့် ကားသမားအား တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေ

ဒေသတွင်းသတင်း / ဒေသတွင်း
05 June 2024

နမ့်ဆန်မြို့တွင် ယာဉ်မတော်တဆဖြစ်ပွားပြီး လမ်းကြောင်းမှားသည့် ကားသမားအား တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေ


နမ့်ဆန်၊ ဇွန်လ ၅ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ (၂)၊ စစ်ဒေသ နမ့်ဆန်ခရိုင် နမ့်ဆန်မြို့တွင် ဆိုင်ကယ်နှင့် အိမ်စီးကား ယာဉ်တိုက်မှု မတော်တဆဖြစ်၍ အမျိုးသမီး(၂) ဦး ဒဏ်ရာရရှိပြီး လမ်းကြောင်းမှားသည့် ကားယာဉ်မောင်းကို PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးမှုပြုလုပ်နေပါသည်။




ဇွန်လ (၃) ရက် ညနေ (၃း၃၀)အချိန်တွင်း ဇယ်တုန်ဟုန်းကျေးရွာနေ အသက် (၃၁) အမျိုးသားတစ်ဦး မောင်းနှင်းလာသည့် အိမ်စီးကားနှင့် အမျိုးသမီး (၂)ဦး စီးနှင်းလာသည့် ကလစ်ဆိုင်ကယ်တို့ မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ အခင်းမှာ အိမ်စီးကားသည် လမ်းကြောင်းမှားယွင်းမောင်းနှင်းလာသောကြောင့် ဖြစ်သည်။





ကာယကံရှင်ကို နမ့်ဆန်မြို့ PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်းဥပဒေအတိုင်း အရေးယူသွားဆောင်ရွက်သွားမည်ဟု နမ့်ဆန်ရဲမှူးက ဆိုသည်။





နမ့်ဆန်မြို့တွင် ဆိုင်ကယ်စီးရာမှာ (၂) ဦးနှင့်အထက်မစီးရန်နှင့် ပါဝါအိတ်ဇော အသုံးမပြုဖို့ ပိတ်ပင်ထားပါသည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည် တပ်မဟာ (၂)၊ စစ်ဒေသ နမ့်ဆန်ခရိုင် နမ့်ဆန်မြို့တွင် ဆိုင်ကယ်နှင့် အိမ်စီးကား ယာဉ်တိုက်မှု မတော်တဆဖြစ်၍ အမျိုးသမီး(၂) ဦး ဒဏ်ရာရရှိပြီး လမ်းကြောင်းမှားသည့် ကားယာဉ်မောင်းကို PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးမှုပြုလုပ်နေပါသည်။
Tags: တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်