267

တအာင်းပြည် စိုက်ပျိုးမွေးမြူ‌ရေး အင်စတီကျူ့ကျောင်း (T.A.I) အပတ်စဉ်(၁) ဖွင့်လှစ်

ဒေသတွင်းသတင်း / ဒေသတွင်း
06 June 2024

တအာင်းပြည် စိုက်ပျိုးမွေးမြူ‌ရေး အင်စတီကျူ့ကျောင်း (T.A.I) အပတ်စဉ်(၁) ဖွင့်လှစ်


နမ္မတူ ၊ဇွန်လ ၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည် ၊တပ်မဟာ (၄) စစ်ဒေသ နမ္မတူမြို့နယ်တွင် တအာင်းပြည်စိုက်ပျိုးမွေးမြူ‌ရေး အင်စတီကျူ့ကျောင်း (T.A.I) Ta'ang Agricultural Institute အပတ်စဥ် (၁) ကို ဇွန်လ ၆ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။





အခမ်းအနားတွင် PSLF/TNLA၏ ဒုတိယ ဥက္ကဌ-၁ ဒုဗိုလ်ချုပ်ကြီး တားဇိုက်ဇာရ် ၊အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဇာရ် ၊တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တားပါင်လ၊ သက်ဆိုင်ရာဌာနအရာရှိ အရာခံများနှင့် ကျောင်းသားကျောင်းသူများ၊ တိုင်းရင်းသားစာပေယဉ်‌ကျေးမှုများ၊ ဒေသခံပြည်သူလူထုများ တက်ရောက်ခဲ့ကြသည်။





PSLF/TNLA ဒုတိယဉက္ကဌ-၁ တားဇိုက်ဇာရ်မှ စိုက်ပျိုးရေးကို နည်းပညာနှင့် စနစ်တကျအသုံးပြုပြီး အထွက်နှုန်းပိုမိုကောင်းမွန်‌အောင်၊သဘာ၀ပတ်၀န်းကျင် စိမ်းလန်းစိုပြေအောင်၊ ဒေသထွက်ထုတ်ကုန်များကို မြေပြန့်ဒေသထိ တင်သွင်းနိုင်စေရန် ကြိုးစားဆောင်ရွက်သွားရမည်ဟု ပြောသည်။
T.A.I ကျောင်းတွင် ကျောင်းသူ(၂၈)ဦး၊ ကျောင်းသား(၁၅)ဦး၊ စုစုပေါင်း(၄၃)ဦး တက်ရောက်ကြပြီး ကျောင်းကာလ ၂နှစ်နှင့် ၃လ ကြာမြင့်မည်ဖြစ်သည်။ ကျောင်းတွင် စိုက်ပျိုရေးဘာသာရပ် (၇)ခုနှင့်‌‌ အခြားပညာရပ်ဆိုင်ရာ (၅)ခုဖြင့် သင်ကြားသွားမည်ဖြစ်ပြီး၊ ကျောင်းပြီးသွားပါက ဒီပလိုမာဘွဲ့ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။





ကျောင်းသို့တက်ရောက်မည့် ကျောင်းသားတစ်ဦးက ဤကျောင်းတက်ရသည့် ရည်ရွယ်ချက်သည်
ခေတ်မှီနည်းပညာဖြင့် စနစ်တကျ စိုက်ပျိုးနိုင်ရန်အတွက် နည်းပညာအကူအညီ အများအပြား လိုအပ်သောကြောင့် တစ်နည်းတစ်ဖုံ ဖြည့်ဆည်းနိုင်ရန်နှင့် ခေတ်မှီသည့် စိုက်ပျိုးရေးနည်းစနစ်ကို သိမြင်တက်မြောက်‌အောင် လာရောက်ပြီ တက်‌ရခြင်းဖြစ်သည်။





စိုက်ပျိုးရေးနည်းပညာကျယ်ပြန့်လာခြင်း၏ အကျိုးကျေးဇူးသည် ခေတ်မှီသော နည်းပညာဖြင့် စနစ်တကျ စိုက်ပျိုးသည့်အတွက်ကြောင့် အရည်အသွေးပြည့်မှီသော သီနှံများကို တခြားဒေသသို့ ရောင်း၀ယ်ဖောက်ကာ နိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးတောင်သူများ၏ ၀င်ငွေကို တဖက်တလှမ်းကနေ ကူညီပေးနိုင်မည် ဖြစ်သည်။






စိုက်ပျိုးရေးကျွမ်းကျင်သည့်ပညာရှင် ပေါ်ထွန်းလာစေရန်၊ တအာင်းပြည်ရှိစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ G-12 အောင်မြင်ထားသည့် ကျောင်းသားကျောင်းသူများ ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်း ဖန်တီးပေးနိုင်စေရန် ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်သည်။

#စိုက်ပျိူးမွေးမြူးရေးကျောင်းဖွင့်ပွဲ
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည် စိုက်ပျိုးမွေးမြူ‌ရေး အင်စတီကျူ့ကျောင်း (T.A.I) အပတ်စဉ်(၁) ဖွင့်လှစ်
Tags: တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်