260

(၁၂)ကြိမ်မြောက် TLEC ပညာရေးထီ ပထမဆုကို မိုင်းငေါ့မြို့က ဆွတ်ခူးရရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
03 June 2024

(၁၂)ကြိမ်မြောက် TLEC ပညာရေးထီ ပထမဆုကို မိုင်းငေါ့မြို့က ဆွတ်ခူးရရှိ

တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ မေလ (၁) ရက်နေ့ထုတ် တအာင်းပြည် ပညာရေးထီဆုကြီး ပထမဆုအား မိုင်းငေါမြို့ခံတစ်ဦးက ဆွတ်ခူးရရှိခဲ့ပါသည်။





မိုင်းငေါ့မြို့ ဈေးရပ်ကွက်နေ အသက် (၅၀)အရွယ် ရှမ်းတိုင်းရင်းသားဖြစ်သူ စိုင်းအောင်ဆန်းနိုင်သည် ထီလက်မှတ်တစ်ဆောင်တည်းသာ ကံစမ်းပြီး တအာင်းထီ တစ်နှစ်ပြည့် (၁၂)ကြိမ်မြောက်ကံထူးရှင်ဖြစ်သည်။





ကံထူးရှင် စိုင်းအောင်ဆန်းနိုင်သည် မိုင်းငေါ့ဈေးတွင် တစ်နိုင်တစ်ပိုင် အကြော်ဆိုင်ဖွင့်လှစ်ထားပြီး အသက်မွေးဝမ်းကျောင်း ပြုသူဖြစ်သည်။ ကျပ်သိန်း(၅၀၀)ဆွတ်ခူးရရှိပြီး တအာင်းပြည် ပညာရေးရန်ပုံငွေအတွက် သိန်း(၆၀) ပေးအပ်လှူဒါန်းသွားခဲ့သည်။





တအာင်းထီအဖွဲ့မှ မေလအတွင်းထီရောင်းရငွေ တအာင်းပြည်ပညာရေးကောင်စီ(TLEC)အတွက် ရန်ပုံငွေ ကျပ်သိန်း (၆၅၀)ပေးအပ်နိုင်ခဲ့သည်။ တအာင်းထီသည် ၂၀၂၃ ခုနှစ် ဇွန်လတွင် စတင်ဖွင့်လှစ်ကာ မေလ ၁ ရက်နေ့ (၁၂)ကြိမ်မြောက်တွင် တစ်နှစ်ပြည့်မြောက်ပြီဖြစ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ မေလ (၁) ရက်နေ့ထုတ် တအာင်းပြည် ပညာရေးထီဆုကြီး ပထမဆုအား မိုင်းငေါမြို့ခံတစ်ဦးက ဆွတ်ခူးရရှိခဲ့ပါသည်။
Tags: တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်