259

တအာင်းပညာရေးအကယ်ဒမီ (TEA) ကျောင်း အပတ်စဉ် (၂) ဖွင့်လှစ်

ဒေသတွင်းသတင်း / ဒေသတွင်း
03 June 2024

တအာင်းပညာရေးအကယ်ဒမီ (TEA) ကျောင်း အပတ်စဉ် (၂) ဖွင့်လှစ်

နမ့်ဆန်၊ ဇွန်လ ၃ ရက်
တအာင်းပြည်

တအာင်းပညာရေးအကယ်ဒမီ အပတ်စဉ် (၂) ကို ၂၀၂၄ ခုနှစ် ဇွန်လ (၃)ရက်မှာ စတင်ဖွင့်လှစ်ပြီး ကျောင်းသား/သူ (၁၃၉) ဦး တက်ရောက်ကြသည်။
ကျောင်းတွင် ဘာသာရပ် (၁၃)ခု သင်ကြားပို့ချမည်ဖြစ်ပြီး အချိန်ကာလ (၁)နှစ်ကြာမြင့်မည်ဖြစ်သည်။





ဤကျောင်းကို တက်ရောက်သည့်ကျောင်းသား/သူများမှာ တအာင်းပြည် ပညာရေးကောင်စီ (TLEC) ဦးစီးဖွင့်လှစ် တအာင်းပြည်တွင် အခြေခံစာသင်ကျောင်းမှ အဆင့်မြှင့် ပညာရေးကျောင်း စသည့် ကျောင်းများတွင် တာဝန်ထမ်းဆောင်စေမည်ဖြစ်သည်။





ကျောင်းသား/သူများမှာ နမ့်ဆန်၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်နှင့် မူဆယ်စသည့် မြို့နယ်က လူငယ်မောင်မယ်များ လာရောက်တက်ရောက်ကြသည်။   ဤကျောင်းတက်ရောက်လိုသူမှာ တက္ကသိုလ်ဝန်တန်းအောင်မြင်ပြီးသားသူနှင့် G-12 ဖြေဆိုအောင်မြင်ပြီးသူများသာ လက်ခံတာဖြစ်သည်။





တအာင်းပညာရေးအကယ်ဒမီ(TEA)ကျောင်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်မှာ တအာင်းပြည် ပညာရေးကောင်စီ (TLEC) ဦးစီးဖွင့်လှစ်သည့် တအာင်းပြည်တွင်းစာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်ရန်အတွက် အရည်အချင်းပြည့်ဝသည့် ဝန်ထမ်း ဆရာ/မများ ပေါ်ထွန်းလာစေရန်အတွက်ဖြစ်သည်။




အပတ်စဉ် (၂) တအာင်းပညာရေးအကယ်ဒမီကျောင်းကို ဇွန်လ ၃ ရက်မှာ တအာင်းပြည်၊ နမ့်ဆန်မြို့နယ်တွင် ဖွင့်ပွဲကျင်းပပြုလုပ်ပြီး အခမ်းအနားမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုတိယဥက္ကဌ - ၁ ဒုတိယ ဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် TNLA ထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်ကြသည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပညာရေးအကယ်ဒမီ အပတ်စဉ် (၂) ကို ၂၀၂၄ ခုနှစ် ဇွန်လ (၃)ရက်မှာ စတင်ဖွင့်လှစ်ပြီး ကျောင်းသား/သူ (၁၃၉) ဦး တက်ရောက်ကြသည်။ ကျောင်းတွင် ဘာသာရပ် (၁၃)ခု သင်ကြားပို့ချမည်ဖြစ်ပြီး အချိန်ကာလ (၁)နှစ်ကြာမြင့်မှာဖြစ်သည်။ ဤကျောင်းကို တက်ရောက်သည့်ကျောင်းသူ/သားများမှာ
Tags: တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်