တအာင်းပြည်တွင် လူငယ်ခေါင်းဆောင်များ မွေးထုတ်နိုင်ရေးအတွက် လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၄) ဝင်ခွင့်လျှောက်လွှာခေါ်ယူ

တအာင်းပြည်အတွင်း လူငယ်များ၏ နိုင်ငံရေးအတွေးအခေါ်၊ ဦးဆောင်မှုစွမ်းရည်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်နိုင်မည့် လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ရေးအတွက် လက်ဖက်မြေပညာရေးဖောင်ဒေးရှင်း (Tea Land Education Foundation - TLEF) က ဖွင့်လှစ်သည့် လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း (Tea Land School of Political Science - TLSPS) အပတ်စဉ် (၄) အတွက် ကျောင်းသား/သူများ၏ ဝင်ခွင့်လျှောက်လွှာများကို လက်ခံခေါ်ယူနေပါသည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၁)နယ်‌မြေ၊ စစ်ကောင်စီတပ်ထိန်းချုပ်ထားသည့် မူဆယ်မြိုတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၆)လောင်းနှင့် လုယက်ဓားပြတိုက်မှု (၃)ကြိမ် ဖြစ်ပွားခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မူဆယ်မြို့နယ်၊ ပန်လုံကျေးရွာနေ အမျိုးသားတစ်ဦး မိုင်းနင်းမိရာ ခြေထောက်တစ်ဖက်ပြတ်ထွက်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည် တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်မှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဂေါက်ကွင်းနှင့် မစိုးရိမ်ကျောင်းတိုက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ မန်တုံမြို့နယ်၊ မုံခအုပ်စု၊ ဟင်းဟောင်းကျေးရွာတွင် ပဓာနနာယကဆရာတော်ဘဒ္ဒန္တနန္ဒသီရိ၏ အရိုးတော်ကို ဌာပနာထားရန် အရိုးအိုးစေတီတော်ကို ဒီဇင်ဘာလ (၂၅) ရက်တွင် သံဃာတော်များနှင့် ရွာသူ/ရွာသားများ ထီးတင်ခြင်းအခမ်းအနား ကျင်းပသည့် မြင်ကွင်းဖြစ်ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ နမ့်ခမ်းမြို့နယ် တအာင်းသံဃာတော်များမှ (၂၀)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ရက်တွင် ပြုလုပ်ကျင်းပခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့ AAA ဓါတ်ဆီဆိုင်ရှေ့ ဆန်စက်ရုံတွင် ဓားမြတိုက်မှုနှင့် အမျိုးသမီး (၁)ဦးကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့သူ (၇) ဦးအနက် (၃) ဦးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိသည်။

ဒေသတွင်းသတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ဒီဇင်ဘာလအတွင်း ကျေးရွာပေါင်း (၅)ရွာရှိ ဒေသခံပြည်သူများထံ အသိပညာပေးမှုများ ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့သည်။

လူကြည့်အများဆုံး သတင်းများ

05 July 2026