ကျောက်မဲတွင် (၂)ပတ်အတွင်း တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၀)ဦးကို ဖမ်းဆီးရမိ
ကျောက်မဲ၊ ဇွန်လ ၁၈ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAတအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ (၂)ပတ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၉)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ကိုဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဇွန်လ (၁၃)ရက်နေ့၌ မြို့နယ်ရဲတပ်ဖွဲ့မှ ပန်ပေါင်ကျေးရွာတွင်နေထိုင်သည့် အသက် (၃၁)နှစ်အရွယ် ဟိန်းမင်းလတ်နှင့် ရပ်ကွက် (၈)တွင်နေထိုင်သည့် အသက် (၂၆)နှစ်အရွယ် စိုင်းဘထွန်းတို့သည် မူးယစ်ဆေးဝါရောင်း၀ယ်သည့်ဟု သတင်းရရှိကာနေအိမ်အတွင်း သွားရောက်စစ်ဆေးရာတွင် LIPOVITAN-D အချိုရည်ပုလင်း (၅)ပုံ (၄)ပုံခန့်၊ အုန်းဆီဗူး (၃)ပုံ (၂)ပုံခန့်နှင့် ရွှေအုန်းပင်အုန်းဆီဗူး (၆)ပုံ (၁)ပုံထည့်ထားသည့် ဘိန်းဖြူတို့နှင့်အတူ ဖမ်းဆီးသွားခဲ့ပါသည်။
ပြီးခဲ့သည့် ဇွန်လ (၁၁)ရက်နေ့လည်း ကျွဲကုန်းကျေးရွာတွင်နေထိုင်သည့် အသက် (၄၃)နှစ်အရွယ် ဦးစောမောင်နှင့် အသက် (၂၁)နှစ်အရွယ် ကိုအိုက်မွန်းတို့ထံ ယာမဆေးပြား (၁၃၁၆)ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဇွန်လ(၁၀)ရက်နေ့လည်း အုတ်ကျင်းရပ်ကွပ်တွင်နေထိုင်သည့် အသက်(၃၂)အရွယ် ဦးရဲမင်းသက်ထံ ယာမဆေးပြား (၃၉)ပြားတို့ ဖမ်းဆီးရမိသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့လည်း ရပ်ကွက် (၁)တွင်နေထိုင်သည့် အသက် (၄၃)နှစ်အရွယ် ဦးတင်အောင်၀င်းသည် မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟု သတင်းရရှိပြီး ၎င်း၏နေအိမ်အတွင်း သွားရောက်စစ်ဆေးရာတွင် WYစာတန်းပါမူးယစ်ဆေးဝါး (၄၉၀)ပြားနှင့် ငွေသား (၁၈၅၂၀၀)ကျပ်နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။
ထိုအပြင် ဇွန်လ (၃)ရက်နေ့လည်း မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေစဉ် အသက် (၄၂)နှစ်အရွယ် ဦးဖိုးဇော်၊ အသက်(၂၈)နှစ်အရွယ် ဦးအိုက်ဦးနှင့် အသက် (၅၅)နှစ်အရွယ်ဒေါ်မိုးခမ်းတိုထံ ယာမဆေးပြား (၁၃၀၂)ပြားနှင့် ဘိန်းဖြူ (၁)ခွက်(ဆပ်ပြာခွက်)တို့ကို ဖမ်းဆီးရမိခဲ့ပါသည်။ ၎င်းနောက်တွင် အသက် (၂၈)နှစ်ကို အောင်သူဟိန်းထံ ယာမဆေးပါ (၄၀)ပြားကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် မေလတစ်လအတွင်းလည်း မိုးကုတ်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၀)ဦးနှင့် သုံးစွဲသူ (၂၀)ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ