နောင်ချိုတွင် စစ်ကောင်စီတပ်မှ ဟောင်ဝစ်ဇာဖြင့် ပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် နေအိမ် (၂)လုံး ထိမှန်ပျက်စီး
တအာင်းပြည်၊ ဇွန်လ ၁၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမှရှိဘဲ စစ်ကောင်စီတပ်မှ ဟောင်ဝစ်ဇာဖြင့် လက်နက်ကြီး (၅)လုံးပစ်ခတ်တိုက်ခိုက်သောကြောင့် နေအိမ် (၂)လုံး ထိမှန်ပျက်စီးဆုံးရှုံးသွားခဲ့သည်။
ယမန်နေ့ ညနေ (၅း၀၈)နာရီအချိန်တွင် စစ်ကောင်စီတပ်ပစ်ခတ်လိုက်သည့်လက်နက်ကြီး (၅)လုံးသည် ဘူတာရပ်ကွက်ဘက်တွင် (၃)လုံးကျရောက်ပေါက်ကွဲပြီး ကျန် (၂)လုံးသည် ကျောက်ဂူဘုန်းကြီးကျောင်း အောက်ဘက်တောတွင် ကျရောက်ပေါက်ကွဲသွားခဲ့သည်။
အလားတူ အုမ္မတီးနှင့် ရေမောင်းတန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီး (၉)လုံးနှင့် ဒရုန်းဖြင့်ဗုံး (၂၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် ထိုးစစ်ဆင်များ ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလအား နောက်ထပ် (၁)လသက်တမ်းထပ်တိုးထားနေစဉ် စစ်ကောင်စီတပ်မှ အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေသောကြောင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲများမကြာခဏဖြစ်ပွားလျှက်ရှိသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ