ညောင်ကုန်းကျေးရွာတွင် တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့
မိုးကုတ်၊ ဇွန်လ ၁၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲကို ယမန်နေ့ ဇွန်လ (၁၈)ရက်နေ့ နံနက် (၉းဝဝ)နာရီအချိန်တွင် တအာင်းစာအဖွဲ့-TLAမှ ဦးဆောင်ပြီး ပြုလုပ်ခဲ့ပါသည်။
၎င်းသင်တန်းကို သင်တန်းသား (၁၀)ဦးနှင့် သင်တန်းသူ (၂၁)ဦး စုစုပေါင်း (၃၁)ဦးတို့ တက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့ကို တအာင်းစာအဖွဲ့-TLAမှ သင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificates)များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထိုသင်တန်းဆင်းပွဲကို ဆရာ/မများနှင့် မိဘပြည်သူလူထုများအပါအဝင် စုစုပေါင်းလူဦးရေ (၆၀)ဦး တက်ရောက်ခဲ့ပါသည်။
အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်သည် တအာင်းရုံးသုံးစာ/ စကားပြန့်ပွားရေး၊ တအာင်းမျိုးနွယ်စုများ စကားလုံးအသုံးအနှုန်း ဝေါဟာရတူညီခြင်း၊ တအာင်းပညာရေးဌာနဆိုင်ရာ တအာင်းစာပေထည့်သွင်းသင်ကြားနိုင်ခြင်း၊ တအာင်းမိခင်ဘာသာစကား မပပျောက်ခြင်း၊ တအာင်းအဖွဲအစည်းဌာနဆိုင်ရာဝန်ထမ်းများနှင့် ရုံးဌာနတိုင်း တအာင်းရုံးသုံးစာဘာသာဖြင့် အသုံးပြုနိုင်ခြင်း၊ တအာင်းစာအုပ်စာပေ ပုံနှိပ်မဂ္ဂဇင်းစာအုပ်များထုတ်ဝေနိုင်ခြင်း၊ တအာင်းပညာရေးကျောင်းအတွင်း တအာင်းစာပေဘာသာရပ်များပိုချပေးရန်အတွက် ဆရာ/မဝန်ထမ်းများ မွေးထုတ်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ (၁၀)ရက်နေ့လည်း တအာင်းစာအဖွဲ့-TLAမှ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာတွင် ကျောင်းသား/သူ စုစုပေါင်း (၅၈)ဦးတို့ကို အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီးဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာ
မှတ်ချက်များ