ကျောက်မဲတွင် တအာင်းစာအဖွဲ့ -TLAမှ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ
ကျောက်မဲ၊ ဇွန်လ ၁၃ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်၊ပန်ဖျက်ကျေးရွာတွင် တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ဇွန်လ (၁၀)ရက်နေ့ နံနက် (၉းဝဝ)နာရီအချိန်တွင် တအာင်းစာအဖွဲ့-TLAမှ ဦးစီးပြီး ကျင်းပပြုလုပ်ခဲ့ပါသည်။
၎င်းသင်တန်းကို သင်တန်းသား (၁၂)ဦးနှင့်သင်တန်းသူ(၄၆)ဦး စုစုပေါင်း (၅၈)ဦးတို့ တက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့ကို တအာင်းစာအဖွဲ့-TLAမှ သင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificates)များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထိုသင်တန်းဆင်းပွဲကို သင်တန်းသား/သူများ၊ဆရာ/မများနှင့် မိဘပြည်သူလူထုများအပါအဝင် စုစုပေါင်းလူဦးရေ (၁၅၀)ဦးတက်ရောက်ခဲ့ပါသည်။
အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်သည် တအာင်းစာသည် တအာင်းပြည်ကို လွမ်းခြုံနိုင်ရေး၊ တအာင်းလူမျိုးအားလုံး တအာင်းစာများများဖတ်နိုင်ရန်အတွက် စာအုပ်များထုတ်လုပ်နိုင်ရေး၊ တအာင်းပြည်အတွင်း တအာင်းစာသင်တန်းကို ဖွင့်လှစ်နိုင်ရေးနှင့် တအာင်းလူမျိုးအားလုံး တအာင်းစာများကို ပြောတတ်၊ ရေးတတ်၊ဆိုတတ်၊ သုံးတတ်နိုင်ရန်တို့ဖြစ်ပါသည်။
ပြီးခဲ့သည့် မေလအတွင်းတွင် တအာင်းစာအဖွဲ့-TLAမှ မိုးမိတ်နှင့်မိုးကုတ်မြို့နယ်တို့မှ ကျောင်းသား/သူ စုစုပေါင်း (၂၀၅)ဦးတို့ကို အခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ