တအာင်းပြည်အတွင်း လူငယ်များ၏ နိုင်ငံရေးအတွေးအခေါ်၊ ဦးဆောင်မှုစွမ်းရည်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်နိုင်မည့် လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ရေးအတွက် လက်ဖက်မြေပညာရေးဖောင်ဒေးရှင်း (Tea Land Education Foundation - TLEF) က ဖွင့်လှစ်သည့် လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း (Tea Land School of Political Science - TLSPS) အပတ်စဉ် (၄) အတွက် ကျောင်းသား/သူများ၏ ဝင်ခွင့်လျှောက်လွှာများကို လက်ခံခေါ်ယူနေပါသည်။
ယခုဖတ်ရန်စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်ကြောင့် ကြေညာခဲ့သည်။ စစ်ကောင်စီတပ်မှ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးသော်လည်း တအာင်းပြည်အတွင်း ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် အသုံးပြုတိုက်ခိုက်နေပါသည်။
ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်းထပ်တိုးကြောင်း မေလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
လူကြည့်အများဆုံး သတင်းများ