အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် အောက်တိုဘာလအတွင်း တအာင်းပြည်ရှိ မြို့နယ် (၁၁) မြို့နယ်မှ ကျေးရွာ (၃၆) ရွာရှိ ပြည်သူ စုစုပေါင်း (၁,၁၄၈) ဦးအား ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းပညာပေးမှုများကို နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ မိုင်းဝီး၊ ကွက်ခိုင်၊ တန့်ယန်း၊ နမ့်ဖက်ကာ၊ မိုးကုတ်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းယော်နှင့် မိုင်းလုံမြို့နယ်များတွင် လွှမ်းခြုံပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဟောပြောဆွေးနွေးပွဲများတွင် အမျိုးသမီးအခွင့်အရေး၊ မျိုးဆက်ပွားကျန်းမာရေး၊ မိသားစုစီမံကိန်း၊ ကလေးအခွင့်အရေးအပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် Online ကျားဖြန့်ဆိုင်ရာ အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေးခဲ့ကြပါသည်။
ယခုဖတ်ရန်