တအာင်းပြည်ပညာရေးကောင်စီ-TLEC မှ နမ့်ဆန်မြို့ အ.ထ.က (၁) ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား/သူများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

တအာင်းပြည်ပညာရေးကောင်စီ-TLEC သည် စက်တင်ဘာ ၁၅ ရက်က နမ့်ဆန်မြို့ အ.ထ.က (၁) ကျောင်း၌ ဆရာ၊ ကျောင်းသား ၃၀၀ ကျော်နှင့်တွေ့ဆုံကာ စနစ်သစ်စစ်ဆေးအကဲဖြတ်ခြင်း၊ ပညာသင်ဆုနှင့် လူသားအရင်းအမြစ်မွေးထုတ်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ယခုပွဲသည် ကျောင်းသားများ၏ ပညာရေးအခက်အခဲများကို တိုက်ရိုက်ဖြေရှင်းပေးရန်နှင့် ဒေသတွင်းပညာရေးမြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်(၄)အိမ် ထိမှန်ပျက်စီးခဲ့ပါသည်။

ဒေသတွင်းသတင်း

၂၀၂၅ခုနှစ်၊ သြဂုတ်လ (၃၀)ရက်နေ့တွင် ကျရောက်သည့် (၅၃)နှစ်မြောက် တအာင်းစာပေနေ့ကို တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းမြို့ နယ်တွင် တအာင်းစာအဖွဲ့မှ ဦးစီးကျင်းပပြုလုပ်ခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မိုင်းလုံမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် သီလရှင် (၁)ပါး၊ အမျိုးသမီး (၁)ဦး သေဆုံးခဲ့ရပြီး သံဃာတော် (၂)ပါး၊ သာမဏေ (၃)ပါး၊ အမျိုးသား (၁)ဦးတို့ ထိမှန်ဒဏ်ရာရရှိပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ နမ့်ဆန်ခရိုင်၊ မန်တုံမြို့၊ စေကော်ကျေးရွာတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၃)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ နမ့်ဆန်ခရိုင်၊ မန်တုံမြို့နယ်၊ စေကော်ကျေးရွာတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀)ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု(၁)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၉)နယ်မြေ၊ နမ့်ဆန်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ အမျိုးသမီးစစ်သည်တော်ကော်မတီမှ ဦးဆောင်ပြီး ကော်မတီလက်စွဲ(မူကြမ်း) Workshop ကို ပြီးခဲ့သည့် သြဂုတ်လ (၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် သာမဏေ (၃)ပါးနှင့် အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရရှိပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးကို ဖမ်းဆီးရမိခဲ့ပါသည်။

လူကြည့်အများဆုံး သတင်းများ

21 September 2026