ဟင်ဟောင်းကျေးရွာတွင် တအာင်းစာပေအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ
မန်တုံ၊ နို၀င်ဘာ ၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မန်တုံမြို့နယ်၊ ဟင်ဟောင်းကျေးရွာတွင် တအာင်းစာပေအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲကို နို၀င်ဘာ (၁)ရက်နေ့တွင် တအာင်းစာပေအဖွဲ့-TLAမှ ဦးစီးပြီးကျင်းပပြုလုပ်ခဲ့သည်။

ထိုအသင်တန်းတွင် အမျိုးသား (၉)ဦးနှင့် အမျိုးသမီး (၉)ဦး စုစုပေါင်း (၁၈)ဦးတက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့ကိုလည်း တအာင်းစာပေအဖွဲ့-TLAမှ သင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificates)များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ၎င်းသင်တန်းဆင်းပွဲကို သင်တန်းသူ/သားများ၊ ဆရာ/မများနှင့် မိဘပြည်သူများအပါအဝင် စုစုပေါင်းလူဦးရေ (၁၂၀)ဦးဝန်းကျင်တက် ရောက်ခဲ့ပါသည်။

အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်သည် တအာင်းစာသည် တအာင်းပြည်ကို လွမ်းခြုံနိုင်ရေး၊ တအာင်းလူမျိုးအားလုံး တအာင်းစာများများဖတ်နိုင်ရန်အတွက် စာအုပ်များထုတ်လုပ်နိုင်ရေး၊ တအာင်းပြည်အတွင်း တအာင်းစာသင်တန်းကို ဖွင့်လှစ်နိုင်ရေးနှင့် တအာင်းလူမျိုးအားလုံး တအာင်းစာများကို ပြောတတ်၊ ရေးတတ်၊ ဆိုတတ်၊ သုံးတတ်နိုင်ရန်တို့ ဖြစ်ပါသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၂)ရက်နေ့လည်း မိုင်းငေါ့မြို့နယ်၊ ပန်လောကျေးရွာတွင် တအာင်းစာပေအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းတတ်ရောက်ပြီးမြောက်သွားသည့် သံဃာတော်(၆)ပါးအပါအ၀င် သင်တန်းသူ/သားစုစုပေါင်း (၃၀)ဦးတို့ကို သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

မှတ်ချက်များ