နမ့်ခမ်းမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သူခိုးထံ သိမ်းဆည်းရမိသည့်ဆိုင်ကယ်များကို ပိုင်ရှင်ထံပြန်အပ်နှံ့ပေး
နမ့်ခမ်း၊ နိုဝင်ဘာ ၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့တွင် သူခိုးထံ သိမ်းဆည်းရမိသည့်ဆိုင်ကယ်များကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် နိုဝင်ဘာလ (၃)ရက်နေ့တွင် သက်ဆိုင်ရာပိုင်ရှင်များထံ ပြန်လည်အပ်နှံ့ပေးခဲ့သည်။
မြို့နယ်ရဲတပ်ဖွဲ့သည် မြို့လုံခြုံရေးနှင့်အေးချမ်းသာယာရေးလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း သူခိုးများကို ဖမ်းဆီးရမိပြီး ၎င်းတို့ထံ ဆိုင်ကယ်(CANDA) (၂)စီး၊ ဆိုင်ကယ်(KENBO) (၅)စီး၊ ဘက်ထရီဆိုင်ကယ် (၂)စီး၊ ဆိုင်ကယ်(SCOOP) (၁)စီး၊ CZI (၁)စီးနှင့် ဆိုင်ကယ်(FOLLOW ME) (၁)စီးတို့ သိမ်းဆည်းရမိခဲ့ပါသည်။
အဆိုပါပစ္စည်းများသည် နမ့်ခမ်းမြို့နယ်ရှိ ပြည်သူလူထုများထံ သူခိုးအဖွဲ့တို့မှ ခိုးယူထားသည့် ပစ္စည်းများဖြစ်ကြပြီး ၎င်းတို့ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိပြီးနောက်တွင် သက်ဆိုင်ရာပိုင်ရှင်များထံ ဆက်သွယ်ပြီး ပစ္စည်းများပြန်လည်အပ်နှံခဲ့ခြင်းဖြစ်ပါသည်။

ပြီးခဲ့သည့် သြဂုတ်လတွင်လည်း နမ့်ခမ်းမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သူခိုးထံသိမ်းဆည်းရမိသည့်ဆိုင်ကယ်များကို သက်ဆိုင်ရာပိုင်ရှင်ထံ ပြန်လည်အပ်နှံ့ပေးခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

မှတ်ချက်များ