1536

စစ်ကောင်စီတပ်မှ နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂)ဦးထိမှန်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
19 October 2025

စစ်ကောင်စီတပ်မှ နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂)ဦးထိမှန်ဒဏ်ရာရ

မန်တုံ၊ အောက်တိုဘာ ၁၉ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂)ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။






စစ်ကောင်စီတပ်သည် ယနေ့ နေ့လယ် (၁၂း၃၀)နာရီအချိန်တွင် နမ့်ဆန်မြို့၊ နမ္မဝေါရပ်ကွက်တွင် ပြည်သူလူထုများတည်ရှိရာကို ဦးတည်၍ ရွည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၁)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အသက် (၂၈)နှစ် ကိုအောင်အောင် နှင့် အသက် (၂၄)နှစ်အရွယ် ဦးချစ်စမ်းမောင်တို့ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂)အိမ်၊ လက်ဖက်စက်ရုံ (၁)ရုံ၊ မီးသတ်ကား (၅)စီးနှင့် ကား (၄)စီး ထိမှန်ပျက်စီးသွားခဲ့သည်။






ထိုအပြင် မန်တုံမြို့၊ အောင်ချမ်းသာရပ်ကွက်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀) ဗုံး (၁)လုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၆)လုံးလည်း ထိမှန်ပျက်စီးသွားခဲ့ပါသည်။








အလားတူ စစ်ကောင်စီတပ်သည် မိုင်းငေါ့မြို့နယ်၊ လွယ်ပိန်းကျေးရွာလည်း လေကြောင်းဖြင့် ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် ဇရပ်တို့ ထိမှန်ပျက်စီးသွားခဲ့သည်။






ယခုလ အောက်တိုဘာ (၁)ရက်နေ့မှ (၁၈)ရက်နေ့အထိ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် မန်တုံမြို့တွင် (၁)ကြိမ်၊ ကျောက်မဲမြို့တွင် (၃)ကြိမ်၊ သီပေါမြို့တွင် (၅)ကြိမ်၊ မိုင်းငေါ့မြို့တွင် (၁)ကြိမ်၊ မိုင်းလုံမြို့တွင် (၄)ကြိမ်၊ နမ့်ဆန်မြို့တွင် (၅)ကြိမ်၊ နမ္မတူမြို့တွင် (၅)ကြိမ်၊ မိုးမိတ်မြို့တွင် (၃)ကြိမ်နှင့် မိုးကုတ်မြို့တွင်(၁)ကြိမ်တို့ စုစုပေါင်း (၂၈)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။





ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတော်(၂)ပါး၊ကလေး (၈)ဦး၊ အမျိုးသား (၁၂)ဦး၊ အမျိုးသမီး (၁၉)ဦးသေဆုံးခဲ့ပြီး ကလေး (၁၁)ဦး၊ အမျိုးသား (၁၆)ဦး၊ အမျိုးသမီး (၁၇)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၃၈)အိမ်၊ စာသင်ကျောင်း (၃)ကျောင်း၊ ဘုန်းကြီးကျောင်း (၃)ကျောင်း၊ ကျောင်းဆောင် (၇)ဆောင်နှင့်အဆောက်အဦး (၄)ခုတို့ ထိမှန်ပျက်စီးသွားခဲ့သည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲတိုမှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: စစ်ကောင်စီတပ်မှ နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂)ဦးထိမှန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်