ခေါင်းစဥ်များ
တအာင်းပြည် မန်တုံမြို့နယ် ပန်ခါးကြီးကျေးရွာတွင် ဝဥထွက်ရှာနေသည့် အသက် ၆၄ နှစ်အရွယ် အမျိုးသားတစ်ဦး ပျားကြီးများ အဆက်မပြတ်တုပ်ခံရမှုကြောင့် သေဆုံးခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င် ဒေသခံ (၃)ဦး သေဆုံးပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တအာင်းပြည်ပညာရေးကောင်စီ (TLEC)သည် တအာင်းပြည်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ ဆက်လက်ဖွင့်လှစ်သွားနိုင်ရန် လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လိုအပ်နေသောဆရာ/မများ ခေါ်ယူသွားမည်ဖြစ်သည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်၊ လောက်ဖန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁)ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ၊ ကျောက်မဲမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဝတ်စုံကို ဝတ်ဆင်၍ ငွေလိုက်လံတောင်းနေသည့် အမျိုးသား (၄)ဦးကို တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ မိုးမိတ်မြို့နယ် ညောင်ပင်စောက်ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာရရှိခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ မုံးစီးမြို့နယ် ဆိုင်ခေါင်ကျေးရွာတွင် ကလေးငယ် (၂)ဦးသည် ဗုံးယူဆော့ကစားရာမှ ပေါက်ကွဲပြီး (၁)ဦးသေဆုံး၊ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မူဆယ်မြို့တွင် ဖေဖော်ဝါရီလ ၁၉ရက် အမျိုးသားတစ်ဦးသည် ပစ္စည်းခိုးယူရာတွင် အုတ်တံတိုင်းပေါ်ပြုတ်ကျပြီး သေဆုံးသွားခဲ့သည်။
Showing 964 to 972 of 1492 results
လူကြည့်အများဆုံး သတင်းများ