995

မန်လုံကျေးရွာတွင် တအာင်းစာအဖွဲ့-TLA မှအခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ကျင်းပ

ဒေသတွင်းသတင်း / ဒေသတွင်း
10 April 2025

မန်လုံကျေးရွာတွင် တအာင်းစာအဖွဲ့-TLA မှအခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ကျင်းပ


နမ့်ခမ်း၊ ဧပြီလ  ၁၀ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ နမ့်ခမ်းမြို့နယ်၊ မန်လုံအုပ်စု၊ မန်လုံကျေးရွာတွင် တအာင်းစာအဖွဲ့-TLA မှ အ‌ခြေခံတအာင်းရုံံးသုံးစာသင်တန်းဆင်းပွဲပြုလုပ်ကျင်းပပြီးစီးခဲ့သည်။





အဆိုပါသင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ဧပြီလ (၈)ရက် နံနက် (၉း၀၀)နာရီမှ  (၁၂း၀၀)နာရီဝန်းကျင်အထိ တအာင်းစာအဖွဲ့-TLAမှ ဦးစီးပြီးကျင်းပပြုလုပ်ခဲ့ပါသည်။





ထို့အခြေခံတအာင်းရုံးသုံးစာသင်တန်းကို မန်လုံနှင့် ကောင်းခေကျေးရွာတွင် ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းဆင်းပွဲကို မန်လုံကျေးရွာတွင် စုပေါင်းကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ 





၎င်းသင်တန်းဖွင့်လှစ်ချိန် မန်လုံကျေးရွာအုပ်စုအတွင်းရှိလွယ်အင်၊ မတ်ဝေါနှင့် လွယ်လွမ်ကျေးရွာတို့၏ ကလေးများလည်း လာရောက်တက်ရောက်သင်ကြားခဲ့ကြသည်။

အဆိုပါ အ‌ခြေခံတအာင်းရုံစာသင်တန်းများကို ကျောင်းသား (၈၀) ဦး ၊ ကျောင်းသူ (၁၂၂) ဦး စုစုပေါင်း (၂၀၂)ဦး တက်‌ရောက်သင်ကြားပြီးမြောက်ခဲ့သည်။ထိုသင်တန်းသူ/သားများကို တအာင်းစာအဖွဲ့-TLAမှ သင်တန်းတက်ရောက်အောင်မြင်ပြီးစီးကြောင်း သင်တန်းဆင်းလက်မှတ် (Certificates)များ ချီးမြှင့်ပေးအပ်ခဲ့ပြီး ၎င်းသင်တန်းဆင်းပွဲကို သင်တန်းသား/သူနှင့် မိဘပြည်သူများအပါအဝင် စုစုပေါင်း လူဦးရေ(၃၀၀)ကျော် တက်ရောက်ခဲ့ပါသည်။






အခြေခံတအာင်းရုံးသုံးစာသင်တန်း ဖွင့်လှစ်ရသည့်ရည်ရွယ်ချက်သည် တအာင်းရုံးသုံးစာ/ စကားပြန့်ပွားရေး၊ တအာင်းမျိုးနွယ်စုများစကားလုံးအသုံးနှုန်း ဝေါဟာရတူညီခြင်း၊ တအာင်းပညာရေးဌာနဆိုင်ရာ တအာင်းစာပေထည့်သွင်းသင်ကြားနိုင်ခြင်း၊ တအာင်းမိခင်ဘာသာစကား မပပျောက်ခြင်း၊ တအာင်းအဖွဲ့အစည်းဌာနဆိုင်ရာဝန်ထမ်းများနှင့် ရုံးဌာနတိုင်း တအာင်းရုံးသုံးစာဘာသာဖြင့်အသုံးပြုနိုင်ခြင်း၊ တအာင်းစာအုပ်စာပေ ပုံနှိပ်မဂ္ဂဇင်းစာအုပ်များထုတ်ဝေနိုင်ခြင်း၊ တအာင်းပညာရေးကျောင်းအတွင်း တအာင်းစာပေဘာသာရပ်များပို့ချပေးရန်အတွက် ဆရာ/မဝန်ထမ်းများ မွေးထုတ်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။


အလားတူ ပြီးခဲ့သည့် ဧပြီလ (၂)ရက်လည်း နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့-TLA မှ သင်တန်းသူ/သား(၁၆၆) ဦးရှိသည့် အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲကို ပြုလုပ်ကျင်းပခဲ့ပါသည်။



#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်လုံကျေးရွာတွင် တအာင်းစာအဖွဲ့-TLA မှအခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်