တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြို့နယ်၊ မန်ပူးအုပ်စု၊ ပန်ယုတ်(အောက်)ကျေးရွာတွင် တအာင်းပြည်ပညာရေးကောင်စီ-TLECမှ ဦးစီး၍ကျင်းပပြုလုပ်ခဲ့သော စုံညီပွဲတော်နှင့်ဆုပေးပွဲကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ စစ်ဦးစီးချုပ်တားဟိူဝ်ပ္လါင်မှ တက်ရောက်ခဲ့ပါသည်။
ယခုဖတ်ရန်
မိုင်းငေါ့မြို့နယ်ကို PSLF/TNLAက ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် စစ်ကောင်စီထံမှ ရယူ သိမ်းပိုက်နိုင်ခဲ့ပြီး တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လောင်းကစားများကင်းစင်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မျှတသည့် ဥပဒေနှင့်အညီ စီမံအုပ်ချုပ်နိုင်ရန် အကောင်အထည်ဖော် လျှက်ရှိသည်။
တွေ့ဆုံပွဲတွင် မိုင်းငေါ့မြို့နယ်ရဲမှူး ဗီုလ်ကြီး လှာ,ညိုဝ်းက တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် စပ်လျဥ်း၍လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဗိုလ် မာည်ဘီရ်ခြိုဝ်းက မိမိတို့ အုပ်ချုပ်နယ်မြေအတွင်း ရှမ်းပြည်တိုးတတ်ရေးပါတီ- sspp၏ အခွန်ကောက်ခံခြင်းအပါအဝင် တပ်သားသစ် အတင်းအဓ္ဓမစုဆောင်းနေခြင်းအပေါ် ပြည်သူများ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းကာ အဖြေရှာဖြေရှင်းသွားမည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခြင်းနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေး မိမိဌာန၏ လုပ်ငန်းတာဝန်နှင့် ပတ်သက်ပြီး မိတ်ဆက်ပြောကြား ဆွေးနွေးခဲ့ကြသည်။
လူကြည့်အများဆုံး သတင်းများ